ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Wednesday, January 16, 2013

ရင်ဝေးကြယ်

ဂန္ထ၀င် ကြယ်ပွင့်တွေ
တဖြုတ်ဖြုတ် ကြွေကျ
ငိုကြွေးသံတွေ တစ်စစ…
ဟောဒီ ရင်ထဲ
ကမ္ဗည်း အက္ခရာ
လွမ်းသူ ပန်းခွေတွေ
ရေးထိုး ထားကြ…
တောင့်တ နှစ်ကာလတွေ

တမ်းတမ်းတတ ရွတ်ဆိုတတ်ကြ
ဆွေးမြေ့မြေ့ လွမ်းချင်းတွေ တေးသီတတ်ကြ…
ဒါပေမင့်…
အညတရ ကြယ်ပွင့်လေးတွေ
အချိန်မတန်သေးဘဲ
ရုတ်တရက် ဖြုတ်ခနဲ ကြွေကျ…
ဟောဒီ ရင်ထဲ
ကမ္ဗည်း ထိုးသူမရှိ
လွမ်းသူ ပန်းခွေ နတ္ထိ
တမ်းတ လွမ်းဆွေးမှုတွေ ကင်းမဲ့…
နောက်ဆုံး တော့လည်း…
အညတရ ရင်ဝေးကြယ်ပွင့်လေးတွေ
ဟောဒီ လောကကြီးထဲ
လွင့်ပျောက်သွားပါပြီ…။        ။
                                ထော်ဦး(ဘားအံကွန်ပျူတာ)




4 comments:

  1. ထော်ထော့် ရင်ဝေးကြယ်ကို မိုးနတ် ရင်ဘတ်ကြီးနဲ့သေချာခံစားခဲ့ပါတယ်
    ထော်ရေ...ဖတ်ရတာ စိတ်ထဲမကောင်းလိုက်တာ...
    ခေါင်းစဉ်မှာ ကတည်းက ခံစားနေရတာ...
    ဒါဆို ဒီ Title နဲ့ထော်က ကဗျာထုဆစ်လိုက်တာပေါ့လေ...
    မိုးနတ်က ထော်ထော်ရေးပြီးပြီတောင်မှတ်နေတာ..:)
    အော်မေ့လို့...အဲဒါ ဆရာရေချမ်းတို့ ဆရာလူခါးတို့ထင်တယ်..
    အားလုံးပဲ ရေးထားတာလေးတွေ တစ်ယောက်တမျိုးစီကောင်းတယ်:)
    ခင်တဲ့....မိုးနတ်

    ReplyDelete
  2. ဂန္ထ၀င် ကြယ်ပွင့်တွေ
    တဖြုတ်ဖြုတ် ကြွေကျ
    ငိုကြွေးသံတွေ တစ်စစ…
    ဟောဒီ ရင်ထဲ
    ကမ္ဗည်း အက္ခရာ
    လွမ်းသူ ပန်းခွေတွေ
    ရေးထိုး ထားကြ…
    တောင့်တ နှစ်ကာလတွေ

    ကဗျာလေးအရမ်းကောင်းတယ်ဗျာ ။

    ReplyDelete
    Replies
    1. ရင်ဝေးကြယ်ကဗျာကို ထပ်ဖတ်သွားတယ်
      ထော်ထော်ရေ..။
      အသစ်လေးတွေလည်း မျှော်နေမိပါကြောင်း..။
      ဟိ..မောအောင်တော့ လုပ်ထားခဲ့မယ် ဒါပဲ ။
      အားပေးလျှက် ။။။

      Delete
  3. စိတ်မကောင်းစရာ ကဗျာလေးပါဘဲ
    ဖတ်ပြီး တစ်မျိုးလေးခံစားရတယ်
    ကဗျာတွေ တော်တော်ရေးတတ်တာဘဲ။
    အညတရကြယ်လေးတွေလည်းကြွေလွင့်မသွားဘဲ ကောင်းကင်ပေါ် ထာဝစဉ် ထွန်းလင်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်

    ReplyDelete