ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Friday, January 11, 2013

ဘလော့သက်တမ်း တစ်နှစ်ပြည့် အမှတ်တရ

ဘာလိုလိုနဲ့  ၂၀၁၃ခုနစ် ဇန်န၀ါရီလ ၁၂ရက်နေ့ မှာ ဘလော့သက်တမ်းလေးလည်း တစ်နှစ်ပြည့်သွားပါပြီ။တစ်နှစ်ဆိုတဲ့ အချိန်လေးကို နောက်ပြန်လှည့်ကြည့်မိတဲ့အခါ အမှတ်တရ ဖြစ်မိစရာလေးတွေ အများကြီးပါ။

တစ်နှစ်တာအတွင်းမှာ ပို့် စ်အမျိုးအစား တော်တော်များများ တင်ဖြစ်ပါတယ်….။
ဒီပို့ စ်တွေထဲက အအောင်မြင်ဆုံး ပို့ စ်ကတော့ လူငယ်ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ “ဒါတွေကို ပြင်နိုင်ပါ့မလား” ဆောင်းပါးပါ…။
ဒီဆောင်းပါးပြီးတော့

“အချစ်ကဗျာ 2 in 1” ဆိုတဲ့ ကဗျာလေး နှစ်ပုဒ်လည်း ဘာကြောင့်မှန်း မသိ လူအဖတ်များနေတာကို တွေ့ ရပါတယ်…။ဝတ္ထုတိုတွေထဲမှာ လူကြိုက်များတာကတော့ “ညည့်တနက်နက် လင်းတဖျပ်ဖျပ်” ၀တ္ထုတိုလေးပါ။ကျောင်းက သူငယ်ချင်းတွေကတော့ တက္ကသိုလ် နောက်ခံ ၀တ္ထုတွေ ဖြစ်တဲ့

“ကျွန်တော် စာရေးဆရာ” နဲ့  “စ…စာ…စား” ၀တ္ထုတိုများကို ကြိုက်နှစ်သက်ကြပါတယ်…။ “စ…စာ…စား” ၀တ္ထုတိုကတော့ ဘားအံမြို့  ကွန်ပျူတာတက္ကသိုလ် ပုံရိပ်တွေကို ဓာတ်ပုံဝေေ၀ဆာဆာများနဲ့  ဖော်ပြထားပါတယ်…။နောက်ပြီး အချစ်ဝတ္ထု သိပ်မရေးဖြစ်တဲ့ ကိုယ်လည်း “မိုးခြွေလေညင်း” ဆိုတဲ့ တက္ကသိုလ်နောက်ခံ ၀တ္ထုတိုကြောင့်လည်း အချစ်ဝတ္ထုတိုတွေ ရေးဖြစ်လာပါတယ်…။ဒါ့အပြင် အရင်က အားရပေမယ့် အခုနောက်ပိုင်း အားမရတော့တဲ့ “မိုးသည်းလို့  မစဲ”
ဝတ္ထုတိုလည်း အမှတ်တရထဲမှာ ပါဝင်နေပြန်ပါတယ်…။

ဆောင်းပါးအနေနဲ့ ကျတော့ တစ်ထိုင်တည်း ရေးဖြစ်ပြီး သိပ်အားမရခဲ့တဲ့ “အိပ်မက်ကို တို့ ထိ ခြေရာကောက်ကြည့်” ဆောင်းပါးဟာ ဘလော့ပေါ်မှာ တင်ပြီးနောက်ပိုင်း အနည်းငယ်လောက်ပဲ ပြုပြင်ပြီး မဂ္ဂဇင်းတိုက်ဆီ ပို့ ရာက ၂၀၁၂ခုနစ် မေလထုတ် international look magazine မှာ ဖော်ပြခံရလို့ အမှတ်တရ ဖြစ်မိပြန်ပါတယ်…။ဒါ့အပြင် မကြာခင်က တင်ထားခဲ့တဲ့ “အွန်လိုင်းပေါ်က ဖေ့စ်ဘွတ်အကြောင်း တစ်စေ့တစ်စောင်း” ဆိုတဲ့ ဆောင်းပါးလည်း စာဖတ်သူ နှစ်သက်ကြလိမ့်မယ်လို့  ထင်မိပါတယ်..။ဒါ့အပြင် ဘားအံမြို့ အကြောင်း ရေးသားထားတဲ့ “စိမ်းသွားတဲ့ မြို့ ” ဆိုတဲ့ ခရီးသွားဆောင်းပါးလေးလည်း လူကြိုက်များပါတယ်။

ကဗျာတွေထဲက “ပစ္စက္ခကို သုံးဆယ့်နှစ်ဒီဂရီ တိမ်းစောင်းကြည့်ခြင်း” ဆိုတဲ့ ကဗျာလေးလည်း အားရမိတဲ့ ကဗျာလေးတစ်ပုဒ်ပါ…။ပြီး ကဗျာရှည် အရေးနည်းတဲ့ ကိုယ့်အတွက် “ခေတ်ပျက်ထဲ လိမ့်ဝင်ဆဲ…” နဲ့  “ဒီမြို့ …” ဆိုတဲ့ ကဗျာရှည် နှစ်ပုဒ်လည်း အမှတ်တရ ဖြစ်မိပါတယ်…။ကဗျာသိပ်မရေးတတ်တော့ ကဗျာလာရောက်အားပေးကြသူများကိုလည်း အားနာပါးနာ ဖြစ်မိပါတယ်…။

တစ်နှစ်သာလေး အတောအတွင်းမှာ ပို့ စ်လေးတွေ လာရောက် ခံစားအားပေးကြတဲ့ မိတ်ဆွေကဘလော့ဂါကလောင်ရှင်များ အပါအ၀င်စာဖတ်သူအပေါင်းကိုလည်း ဒီနေရာကနေ ကျေးဇူးအထူးတင်မိပါတယ်…။အမှတ်တရအနေနဲ့ တစ်နှစ်သာ နှစ်ချုပ်
ပို့ စ်တွေအကြောင်း ပြောထားပြီးပြီ ဆိုတော့ မဖတ်ရသေးတဲ့ သူတွေလည်း သွားရောက်ဖတ်ရှုလို့  လွယ်ကူလိမ့်မယ်လို့  ထင်မြင်မိတယ်…။

၂၀၁၃ နှစ်သစ်ကစပြီး အရေးအသားတွေ တွေးခေါ်မှုတွေ တိုးတက်လာအောင် ကြိုးစားသွားပါ့မယ်လို့  စာဖတ်သူများနဲ့  မိတ်ဆွေဘလော့ဂါကလောင်ရှင်များကို ပြောကြားပါရစေ…။

(ဘလော့လေးတစ်ခု ဖြစ်မြောက်အောင် ပါဝင်ကူညီပံ့ပိုးပေးတဲ့ မိတ်ဆွေကလောင်ရှင် ဆရာဝေမိုးနိုင်(မုံရွာ)ကို ကျေးဇူးတင်ရှိပါကြောင်း…)

                                                                                  ခင်မင်လျက်

                                                                    ထော်ဦး(ဘားအံကွန်ပျူတာ)

5 comments:

  1. တစ်နှစ်သားမှစ နှစ်ပေါင်းများစွာ စာပေတွေဆက်လက်ရေးသားနိုင်ပါစေဗျာ ။

    ReplyDelete
  2. တစ်နှစ်သားသာဆိုတယ် ၀ါရင့်တစ်ယောက်နဲ့မခြားပါလား ထော်ဦးရေ။
    ပါရမီအခြေခံရင့်ကျက်ပြီး စာရေးကောင်းသူတွေကို အားကျမိတယ်။
    တစ်နှစ်မှ နောင်နှစ်ပေါင်းများစွာတိုင် ဘလောင့်ဂင်းနိုင်ပါစေနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ဘလော့တစ်နှစ်ပြည့်မှစပြီး နှလုံခုန်တိုင်းမှာ အသစ်အသစ်သော စာပေတွေနဲ့ အလှဆင်နိုင်ပါစေ.
    အောင်မြင်သော စာရေးဆရာကောင်း တစ်ယောက်ဖြစ်ပါစေ..ဆရာ။

    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  4. တစ်နှစ်တောင် ပြည့်သွားပြီကိုး
    ကျနော့်ဘလောဖြင့် ဘယ်နှစ်မှာ ဖွင့်မိလို့
    ဘယ်နေ့မှာ ဘယ်နှစ်ပြည့်မှန်း မသိပါဘူး
    ကိုထော်ရေ
    အစ်ကိုနဲ့ ခင်ခွင့်ရတာ ကျေနပ်မဆုံးဘူး
    အစ်ကိုက ကျနော် ဖတ်ချင်တဲ့ စာအုပ်တွေလည်း ရှာပေးတယ်
    စာတွေ အများကြီး ရေးနိုင်ပါစေဗျာ

    ReplyDelete
  5. လေးစားပါတယ် ထော်ထော်

    ReplyDelete