ဇွန်လရဲ့  မိုးရေစက်နဲ့ အတူ
ငါ့မျက်ရည်တွေ မိုးလိုစွေလို့ 
စိတ်ဓာတ်တွေ ပြိုကျ
ခါးလှတဲ့ ဆယ်တန်းတောင်ပေါ်
ငါ ဖြတ်ကျော်ခွင့်မရ
အမေက ငါ့ကိုဆူဆဲ
အဖေက ငါ့ကိုကြိမ်းမောင်း
ငါ့ကို လူတွေက၀ိုင်းဖယ်
ကံကြမ္မာ ကြိုးဝိုင်းထဲ
အလဲလဲအပြိုပြိုနဲ့ ငါ့ကိုထိုးနှက်
ခွေးအ တစ်ကောင်လို လေလွှင့်
ဘယ်မလဲ…
နားလည်မှုနဲ့  တည်ဆောက်ထားတဲ့ရိပ်မြုံ
ငါ့အဖို့  ပျောက်ဆုံးသွားခဲ့တာ
ကြာရောပေါ့။ ။
(ဆယ်တန်းတောင်ပေါ် ကျော်ဖြတ်ခွင့် မရကြရှာသော ကျောင်းသား/ကျောင်းသူများ အားလုံးသို့ ….)
ထော်ဦး(ဘားအံကွန်ပျူတာ)
(ခုတလော စာတွေမရေးဖြစ်လို့  မနှစ်ကတည်းက ရေးထားခဲ့ဖူးတဲ့ ကဗျာလေးတွေကို ပြုပြင်ပြီး
တင်ဆက်ထားတာပါ...။)
(ခုတလော စာတွေမရေးဖြစ်လို့  မနှစ်ကတည်းက ရေးထားခဲ့ဖူးတဲ့ ကဗျာလေးတွေကို ပြုပြင်ပြီး
တင်ဆက်ထားတာပါ...။)
ကဗျာလေးအားပေးခဲ့ပါတယ်
ReplyDeleteအင်းဗျာ ဆယ်တန်း ဆန်းတယ်ဆိုသလိုပေါ့
ReplyDeleteစိတ်ဓါတ်မကျကြစေချင်ဘူး
ကဗျာလေးကို အရမ်းကြိုက်တယ်ရှင့်
ReplyDelete