ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...
အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...
အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...
Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts
Friday, October 10, 2014
ပြည်တွင်းစစ်
၂၀၁၂ခုနစ် ဇန်န၀ါရီလ ၁၂ရက်နေ့ ကပါ။လက်နက်ကိုင်အဖွဲ့ အစည်းတစ်စုက
ငြိမ်းချမ်းရေးဆွေးနွေးပြီး လက်မှတ်ရေးထိုးကြတဲ့ သတင်းကို ကြားသိရပါတယ်။ဒါဆို ကိုယ်တို့  ဘုရားသုံးဆူနယ်စပ်မြို့ လေးလည်း ငြိမ်းချမ်းတော့မှာပေါ့။ဒီအတွေးက ဒီမှာတင် ရပ်မသွားဘဲ ဟိုးလွန်ခဲ့တဲ့ မငြိမ်းမချမ်းကာလဆီကို ဦးတည်မိလေတော့...။
@@@@@
၂၀၁၀ ပြည့်နှစ်၊နိုဝင်ဘာလကပါ။ဆိုင်ကယ်သံ၊ကားသံတညံညံနဲ့  နယ်စပ်မြို့ လေးလည်း အခုကျတော့ တိတ်ဆိတ်ငြိမ်သက်လို့ ။အထိတ်တလန့်  လူတချို့ လည်း ဟိုဘက်ကမ်း(ထိုင်းဘက်ကမ်း)ကို ကူးပြီး
Monday, July 1, 2013
မြို့ ပြ ဖီလင်
ထိုခဏ၌
လှပဖိတ်လက်၊မှန်ပြိုးပြက်နှင့်
ကားထက်ပြေးဝင်၊စက်အေးချင်ထင့်
ပေါင်ပင်ချုံကြား၊နတ်မယ်ဖွားသို့
သွေးသားရောင်းသူ၊ပြုံးညှို့မြူနှင့်
လူစုံသည့်ဘား၊စပျစ်ခါးကျွန်းမှ
ပန်နုနှုတ်လွှာ၊မျက်ရစ်ပြာနှင့်
ကျဖြာမြိတ်ထုံး၊မြညိုကုံးနှင့်
သလုံးဖြူနု၊ထဘီတိုနှင့်
ကိုယ်ဟန်ကြော့ရွှင်၊ရင်ချီချီနှင့်
ပစ်မှီထိုင်ခုံ၊အိညံ့တုန်မှ
သက်လုံးနွဲ့ နွဲ့ ၊မောပြေခဲ့ဟန်
ခေတ်ရဲ့ ပန်းချီရေးခဲ့သည်။
(ရှုမဝမဂ္ဂဇင်း ၊ ၁၉၅၇ ဇွန်လထုတ် ကြည်အေး၏ “မြို့ လယ်လမ်း”ကဗျာမှ… )
@@@@@@@@@@@@@@@@@@@@@@@
ယခုတစ်လောတွင်တော့ မြို့ ပြနှင့် ပတ်သက်သော အကြောင်းအရာများကို သူ တွေးတောနေမိ၏။
သူ့ အတွေးရောင်စဉ်တန်း ထဲတွင်တော့ ဘာကြောင့်မှန်းပင် မသိ။မြို့ ပြ၏ အကျည်းတန်မှုကိုသာ ပြေးမြင်နေမိတော့သည်။
လှပဖိတ်လက်၊မှန်ပြိုးပြက်နှင့်
ကားထက်ပြေးဝင်၊စက်အေးချင်ထင့်
ပေါင်ပင်ချုံကြား၊နတ်မယ်ဖွားသို့
သွေးသားရောင်းသူ၊ပြုံးညှို့မြူနှင့်
လူစုံသည့်ဘား၊စပျစ်ခါးကျွန်းမှ
ပန်နုနှုတ်လွှာ၊မျက်ရစ်ပြာနှင့်
ကျဖြာမြိတ်ထုံး၊မြညိုကုံးနှင့်
သလုံးဖြူနု၊ထဘီတိုနှင့်
ကိုယ်ဟန်ကြော့ရွှင်၊ရင်ချီချီနှင့်
ပစ်မှီထိုင်ခုံ၊အိညံ့တုန်မှ
သက်လုံးနွဲ့ နွဲ့ ၊မောပြေခဲ့ဟန်
ခေတ်ရဲ့ ပန်းချီရေးခဲ့သည်။
(ရှုမဝမဂ္ဂဇင်း ၊ ၁၉၅၇ ဇွန်လထုတ် ကြည်အေး၏ “မြို့ လယ်လမ်း”ကဗျာမှ… )
@@@@@@@@@@@@@@@@@@@@@@@
ယခုတစ်လောတွင်တော့ မြို့ ပြနှင့် ပတ်သက်သော အကြောင်းအရာများကို သူ တွေးတောနေမိ၏။
သူ့ အတွေးရောင်စဉ်တန်း ထဲတွင်တော့ ဘာကြောင့်မှန်းပင် မသိ။မြို့ ပြ၏ အကျည်းတန်မှုကိုသာ ပြေးမြင်နေမိတော့သည်။
Tuesday, January 1, 2013
ဆောင်းရနံ့ ဆွတ်ခြွေ လွမ်းရိပ်ဝေ
နှင်းဆွတ်ဆွတ် ဖြန်းပက်ထားသည့် ဆောင်းမနက်ခင်းတွင် ဖြူလွှလွှ အမှုန်အစများသည် အရာရာကို ဖုံးအုပ်လျက် ရှိပေသည်။ပတ်ဝန်းကျင်၏ လှုပ်ရှားသက်ဝင်မှုကိုပင်
ကွယ်ဝှက်ထားသယောင် ခံစားမိစေ၏။ သစ်ပင်များကြားမှ တကျွိကျွိ အော်မြည်တတ်သည့် ကျေးငှက်သာရကာများသည်ပင် ဆောင်းမနက်ခင်းကို တေးသံစုံများဖြင့် ဆီးကြိုနေကြလေသည်။ စိမ်းစိုစို မြက်ခင်းပြင်များသည်လည်း နှင်းစက်နှင်းမှုန်များဖြင့် လက်လက်ထ စိုလက်နေလေ၏။မနက်ခင်း၏ ချမ်းမြမြ အေးစိမ့်စိမ့်ဒဏ်ကို ကာကွယ်နိုင်ရန်အလို့ ဌာ
Tuesday, June 12, 2012
လူမျိုးရေး စစ်ပွဲ
နိုင်ငံသူနိုင်ငံသားများ အားလုံး စည်းလုံးညီညွတ်မှုပျက်ပြားသွားခဲ့သည့်အကြောင်းကို သူကိုယ်တိုင်
ကြားသိခဲ့ ကြုံဆုံခဲ့သည်မှာ ကြာပေပြီ။လွန်ခဲ့သည့် နှစ်ခြောက်ဆယ်လုံးလုံး တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့ အစည်းများ၏ အငြိုးတကြီး ပစ်ခတ်မှုများသည် ယခုချိန်ထိပင်
အဖျားခတ်နေမိလေ၏။အင်တာနက်လှိုင်းပေါ်မှတဆင့် ကြားသိခဲ့ရသော
သတင်းအချက်အလက်များသည်သူ့ ရင်ထဲ အဖျားခတ်ကာ
Subscribe to:
Posts (Atom)


