ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Sunday, April 29, 2012

“ဆန္ဒ မစောကြပါနဲ့ ”(tag post)

မင်္ဂလာ နှစ်သစ်မင်္ဂလာပါခင်ဗျာ။အေပရယ်လ်လမှာ အလုပ်ရှုပ်နေတဲ့အတွက် အစ်မ ၀သုန် tag ထားတဲ့ ဒီပို့ စ်လေး အချိန်မီ မရေးဖြစ်တာကို ခွင့်လွှတ်ပါ။တကယ်တော့ အစ်မ၀သုန်က ကိုယ့်ကို tag ထားပေးမယ့် အကြောင်းမကြားတော့  မသိလိုက်ပါဘူး။သိလိုက်ရတဲ့ အချိန်ကလည်း မတ်လ 31ရက်နေ့ ကပါ။
ဒါကြောင့်ပါ

ကဲ…tag post လေးစတင်ကြပါစို့ ။ပေါ့ပေါ့ပါးပါးလေး ဖြစ်အောင် တက္ကသိုလ် ကျောင်းသားဘ၀နဲ့  ပတ်သက်ပြီး ဆန္ဒမစောလွန်းပုံကို ပြောချင်ပါတယ်။ကျောင်းသားဆိုတော့ စာကျက်ရမယ့် အလုပ်က အဓိကပါပဲ။ဒီတော့ စာမေးပွဲဖြေတဲ့အချိန်ကျမှ စာကို တပင်တပန်းနဲ့ 

Sunday, April 22, 2012

မွေးနေ့ အမှတ်တရ



                                              ရင်မှာမမေ့ ဒီမွေးနေ့ 

      မွေးနေ့ကို အကြိမ်ကြိမ်ဖြတ်သန်းဖူးပေမယ့် မွေးနေ့ ပွဲ တစ်ကြိမ်တစ်ခါမှ မပြုလုပ်ဖူးပါဘူး။မွေးနေ.ကို အမှုမဲ့ အမှတ်မဲ့နဲ့ ဖြတ်သန်းလာခဲ့တာများပါတယ်။ဒါပေမဲ့ 2011 ဧပြီလရောက်မှပဲ ရင်ထဲမှာ  စွဲထင်ကျန်ရစ်စေတဲ့ ဖြစ်ရပ်နှစ်ခုက ကိုယ့်ဆီဝင်ရောက်လာပါတယ်။ကိုယ့်မွေးနေ့မတိုင်ခင် နှစ်ရက်လုံးလုံး
  • လမ်းမကြီးပေါ် အသုဘယာဉ်တန်းကို မြင်လိုက်ရတော့ "ငါ့မွေးနေ့မှာ အသုဘချဦးမှာပဲ" လို့ တွေးထင်မိတယ်။တွေးထင်မိတဲ့အတိုင်း ကိုယ့်မွေးနေ့ရောက်လာတော့ အသုဘယာဉ်တန်းကြီးက ဟိုနေ့ကထက် ပိုစည်လာသလိုပါပဲ။မွေးနေ့ရှင်က မွေးနေ့  ပါတီပွဲကို ပျော်ပျော်ရွှင်ရွှင် ကျင်းပနေကြတဲ့အချိန်မှာ မိဘဆွေမျိုးတွေ ဆုံးသွားလို ကြေကွဲဝမ်းနည်းကြမယ့်လူသားတွေ          ဘယ်လောက်များရှိနေပြီလဲ။အင်းလေ..ကိုယ်အရမ်းပျော်ရွှင်နေတဲ့အချိန်မှာငိုနေမယ့် 

Thursday, April 19, 2012

နွံ

                                              
နွံ

အင်တာနက်ကို သုံးပြီး
ငါ့အချိန်တွေ ကုန်မှန်းမသိ
ကုန်သွားခဲ့တယ်
မတွေ့ မမြင်ဖူးတဲ့ လူတွေနဲ့
လိမ်ညာ နေရတာ
ငါ အရသာ တွေ့လို့
ဒီလောကထဲ ၀င်လိုက်တော့
ကမ္ဘာကြီးဟာ
ကျဉ်းကျဉ်းလေးမှန်း
ငါသိခဲ့ရ

Sunday, April 8, 2012

သင်္ကြန်ရေသဘင်ပွဲတော်နဲ့  အပြိုင်



                                                 "ရှာပုံတော် မင်းသားကြီး...
                                                  မဏ္ဍပ်တကာ ရောက်ခဲ့ပြီ...
                                                 ဘယ်မြို့ က သူနေမှန်းလည်း မသိတော့ ခက်လှပြီ...
                                                 မနှစ်ကပေးတဲ့မင်းလိပ်စာ ရေတွေစိုလို့ ပျက်ကုန်ပြီ...
                                                 မမှတ်မိလို့  ခက်သားလှချေပြီ..."

မင်္ဂလာ အတာကူးမယ့် နှစ်ကူးသင်္ကြန်ပါခင်ဗျာ...။လာမယ့် ဧပရယ်လ်လ 22ရက်နေ့ မှာ ကျွန်တော့်ရဲ့ 
မွေးနေ့ ကျရောက်လာပါ့မယ်လို့ အကြောင်းကြားရင်း ဒီပို့ စ်လေးကို တင်ဆက်လိုက်ပါ့မယ်။ကဲ...မြန်မာနိုင်ငံကို သွားကြရအောင်
ပါ။မြန်မာရဲ့ နှစ်သစ်ကူးကတော့ အခုနောက်ပိုင်းမှာ ကြမ်းတမ်းလာသလိုပါပဲ။ကောင်မလေးတွေကို
ရေးပက်ရင်းနဲ့ မဟုတ်ကဟုတ်က လက်ကမြင်းနေကြတာကိုလည်းကြားသိရပါရဲ့။ရိုက်ပွဲကတော့
ပြောမနေပါနဲ့ တော့။ရွာဘုရားပွဲရှိရင်တောင် တစ်ရွာနဲ့ တစ်ရွာ တုတ်ဆွဲဓားဆွဲ
ဝိုင်းသမကြသေးတာပါပဲ။

Monday, April 2, 2012

တန်ခူးအမြည်း ဧပရယ်လ်အတင်း

ကဲ..ဒီတစ်လအတွက် အတင်းကို ဦးစားပေးပြောချင်ပါတယ်။ထုံးစံအတိုင်း နိုင်ငံရေးအတင်းပေါ့။ဒီအကြောင်း
မပါရင် ခေတ်နောက်ကျသွားမှာလည်း စိုးရရဲ့ ။1ရက်နေ့ တုန်းကတော့  ဘယ်သူမဲနိုင်မလဲလို့  နိုင်ငံရေး ၀က်ဘ်ဆိုက်တွေမှာ ခြေဦးတည်နေမိပါတယ်။စစဖတ်တော့ ကြားရတဲ့သတင်းက ရင်တုန်စရာ။ဘုရား ဘုရား။
ပါတီတစ်ခုရဲ့  အမှတ်ခြစ်တဲ့နေရာမှာ ဖယောကင်းတွေ သုတ်ထားတယ်ဆိုပဲ။အမှန်ခြစ်လို့ မရအောင်လုပ်တယ်ဆိုပဲ။
ဒီလို ကလိန်ကကျင့်လုပ်တာမျိုးကိုတယ်ပြီး သဘောမကျပေမယ့် ကိုယ်တိုင်မျက်မြင်သက်သေမဟုတ်တော့
သိပ်ပြီးလည်း မယုံရဲဘူး။