ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts

Tuesday, June 14, 2016

သံယောဇဉ် အမျှင်တန်းတာမို့

  

     အသက်နှစ်ဆယ့်ခြောက်နှစ် ရှိပြီဖြစ်သော မိန်းကလေးတစ်ဦးကို"အပျိုကြီး" ဟု ခေါ်ဆိုနိုင်မည်လား။ယခုတော့ ၀တ်ရည်ကို"အပျိုကြီး...အပျိုကြီး" ဟူ၍ ခေါ်ဆိုသမုတ်နေကြပြီလေ။အမှန်ဆိုအသက်သုံးဆယ်ကျော်မှ "အပျိုကြီး" ဟူသော ဝေါဟာရကို ခေါ်ဆိုရမည်မဟုတ်လား။  
   "အပျိုကြီး" ဟူသော ဝေါဟာရကို ကြားစတုန်းက ကိုယ့်ကိုယ်ကိုအရွယ်ဟိုင်းနေပြီလားဟူ၍  တွေးပူမိသေးသည်။

Wednesday, March 2, 2016

ဖေဖေ့သမီး


ဖေဖေ့ဆီမှာ ကင်ဆာရောဂါ စွဲကပ်နေပြီတဲ့လား။ ကြားစတုန်းကတော့ ဖေဖေ နေပြန်ကောင်းသွားမှာပါလို့ သာ ကိုယ် ခပ်ဖော့ဖော့လေး တွေးနေမိခဲ့တယ်။ခုတော့ ကိုယ်ထင်ထားတာထက်တောင် အခြေအနေတွေ ပိုဆိုးလာပြီလေ။
....................
နှာခေါင်းထဲမှာ အောက်ဆီဂျင်ပိုက်တပ်ထားတဲ့ ဖေဖေ့ကို ကိုယ် ငေးကြည့်ရင်း အသက်ရှူရတာ မွန်းကျပ်လွန်းလှပါပြီ။ဖေဖေ ပြောခဲ့ဖူးတဲ့ စကားကို ပြန်ကြားယောင်မိတော့ "ဖွဟဲ့...လွဲပါစေ" လို့ သာ ကိုယ်ဆုတောင်းနေမိတော့တယ်။
"တကယ်လို့  အဖေသေသွားခဲ့ရင် အဖေရေးဖို့  ကျန်ခဲ့တဲ့ ၀တ္ထုကို

Tuesday, May 5, 2015

အတောင်စုံရင်ဖြင့်...


"ငှက်ကလေးတွေ အတောင်စုံလာကြရင် အသိုက်အမြုံထဲကနေ ပျံသန်းသွားတတ်ကြတာ သဘာဝပါပဲလေ"
                                                     @@@@@@

ခုတလော သမီးကြီးကို သတိရနေမိတယ်။အဖေလုပ်သူက ကျွန်မကို ဘယ်နည်းနဲ့ ပဲ ဖျောင်းဖျဖျောင်းဖျ သမီးနဲ့ ပတ်သက်ပြီး ကျွန်မ ခံစားနေရတုန်းပါပဲ။ကိုယ်တိုင် ၀မ်းနဲ့ လွယ်မွေးထားတဲ့
မိခင်စိတ်ကြောင့်ပဲလား မသိ။ဒီလို အဖြစ်အပျက်မျိုး မဖြစ်ပွားလာရလေအောင် ကျွန်မ တတ်စွမ်းသမျှ တားဆီးထားပေမယ့် နောက်ဆုံးတော့

Thursday, April 2, 2015

နှစ်ပွင့် ဝေ...တစ်ပွင့် ကြွေသည်



ညသည် နက်သထက် နက်လာလေသည်။မိုးကောင်းကင်ကြားမှ မှိတ်တုတ်မှိတ်တုတ် ကြယ်ပွင့်ချပ်များသည် စိတ်ချမ်းမြေ့စဖွယ် ကောင်းလှ၏။ပြတင်းပေါက်မှတစ်ဆင့် လှမ်းမြင်နေရသော သစ်ပင်အကိုင်းအခက်လေးများသည် လေပြည်ညင်းတိုက်ခတ်ရာသို့  ယိမ်းနွဲ့ လျက်ရှိပေသည်။ စားပွဲပေါ်တွင် ထွန်းထားသည့် ဖယောင်းတိုင်သည်လည်း ဟိုယိမ်းဒီယိမ်းကာ ပျော်မြူးနေသယောင် ရှိလေ၏။သို့ သော် သူတို့  နှစ်ဦး၏ ရင်ထဲတွင် ပူလောင်ပြင်းပြစွာ လှုပ်ခတ်လျက်

Thursday, July 10, 2014

သတိ...ပေါက်ကွဲတတ်သည်


တလောက ထော်ထော် ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရပါတယ်။ ဘာတဲ့။တရုတ်အမျိုးသမီးတစ်ယောက် i Phone အားသွင်းရင်းနဲ့  ဖုန်းဆက်စကားပြောနေတဲ့အချိန်မှာ ဖုန်းပေါက်ကွဲသွားလို့  အဲဒီအမျိုးသမီးလည်း သေပွဲဝင်သွားတယ် ဆိုလားပဲ။ထော်ထော်တို့  တစ်ဆောင်လုံးလည်း

Sunday, June 1, 2014

ခရီးဝေးကို သွားစို့ ကွယ်


ငါသေသွားပြီ။ ဟင့်အင်း ငါအခုမှ ငယ်ငယ်လေးပဲ ရှိသေးတာ။ ငါဘာကြောင့် အစောကြီး သေရတာလဲ။
လောကကြီးက ငါ့အပေါ် မတရားဘူး။ မရဘူး။ ငါ့ကိုယ်ထဲကို ပြန်ဝင်မယ်။ ဟင်း၊ ငါဝင်လို့ မရအောင် ဘာဖြစ်လို့ ပူလောင် နေရတာလဲ။ ငါ၊ ငါ တကယ်ပဲ သေသွားပြီပေါ့။

Tuesday, November 20, 2012

ထာဝရ အဖော်မွန်


ည။

အိပ်ရာထက်မှာ လဲလျောင်းရင်း နာရီသံ တချက်ချက် မြည်သံနဲ့ အတူ ကြွက်တွေ အချင်းချင်း တကျွတ်ကျွတ် ဆော့ကစား နေကြတဲ့ အသံကို ကြားနေရတယ်။

မျက်ရည်တွေ အလိုလို စီးကျ နေမိရင်းနဲ့ ရွာကို သတိရ မိတယ်။ ရွာမှာဆို လယ်တောထဲ ဆင်းပြီး ကြွက်ထောင်ဖမ်းကြ။ ဖမ်းလာတဲ့ လယ်ကြွက်တွေကို အရေပြားလှန် ဆားဖြူးပြီး ကင်စား တတ်ကြ တာတွေကို တွေးမိရင်း စိတ်ထဲအလိုလို ၀မ်းနည်း လာမိတယ်။

Wednesday, October 10, 2012

မိုးခြွေလေညင်း

အဆောင်၏ အပြင်ဘက်တွင် မိုးသည် သည်းသည်းလှုပ်ပင် ရွာသွန်းနေလေ၏။

……………………………………………………………………………………………………………………….

ပြတင်းပေါက်မှတစ်ဆင့် တစ်ပေါက်ပေါက်စီးကျနေသော မိုးရေများကို ကြည့်ကာ သူ အထွေးကို သတိရနေမိပြန်သည်။မသိစိတ်က စွဲလမ်းနေသည်ကို ဘာကြောင့်များ မတားဆီးနိုင်ပါလိမ့်…။ဘာလိုလိုနှင့် အထွေးကျောင်းမတက်ဖြစ်သည်မှာ သုံးပတ်ခန့် ပင် ပြည့်ပေပြီ။

တစ်နေ့ တစ်နေ့ 

Sunday, September 9, 2012

ကျွန်တော် စာရေးဆရာ

ကျွန်တော့်ရဲ့ ပထမဦးဆုံး ပုံနှိပ်ဝတ္ထုတိုပါ...။9.9.2009ခုနစ်ကစပြီး စာပေလောကထဲ တိုးဝင်လာတာ အခုဆိုရင် သုံးနှစ်ပြည့်သွားချေပြီ...။အတိတ်ကို ပြန်လှည့်ကြည့်တဲ့အခါ ၂၀၁၀ ခုနစ် တစ်နှစ်လုံးလုံး ကိစ္စအ၀၀နဲ့  လုံးပန်းနေရတဲ့အတွက် စာမူတစ်ပုဒ်မှ ဖော်ပြမခံရပါဘူး...။၂၀၁၁ မတ်လက စပြီး နည်းနည်းအမျိုးမျိုးနဲ့ တိုးဝင်ကြည့်မိတော့ ဇူလိုင်လမှာ ကဗျာနှစ်ပုဒ် ကလောင်သစ် ကဏ္ဍမှာ ဖော်ပြခံရပါတယ်...။အဲဒီကစပြီး အခုအချိန် ၂၀၁၂ ရောက်တဲ့အထိ ၀တ္ထုတို နဲ့  ဆောင်းပါးတွေကို ဖော်ပြခံရတာ မျှမျှတတ ရှိပေမဲ့ ကဗျာကျတော့ ဖော်ပြခံတာ နည်းပါတယ်...။ကိုယ်တိုင်က ကဗျာရေးတာ သိပ်မကျွမ်းကျင်တဲ့အတွက် ကဗျာဘက်မှာလည်း အားစိုက်ပြီး ရေးသွားပါ့မယ်...။ဖြစ်နိုင်ရင် စာမျိုးစုံ ရေးချင်ပါတယ်...။သုတရော ရသပါ နှစ်မျိုးစလုံးရေးချင်ပါတယ်...။ဘယ်လို စာအမျိုးအစားပဲဖြစ်ဖြစ် လာရောက် ဖတ်ရှုပေးကြတဲ့ မိတ်ဆွေများကို ကျေးဇူးတင်မိပါကြောင်း မှတ်တမ်းတင်လိုက်ပါတယ်...။


ထော်ဦး(ဘားအံကွန်ပျူတာ)

http://www.shweamyutay.com/index.php?option=com_content&view=article&id=1614:2009-10-16-03-28-14&catid=101:2008-06-08-20-01-53&Itemid=655


“သေနာကောင်ကြီး တွေရဲ့” လို့သာ ပက်ပက် စက်စက် ဆဲပစ်လိုက် ချင်ပါရဲ့။ ကြည့်စမ်းပါဦး။ ဒီကောင်တွေ ပြောနေလိုက်တဲ့ ပုံကိုက
“နင် ဘယ်လိုပဲ ကြိုးစားကြိုးစား စာရေးဆရာ ဖြစ်လာမှာ မဟုတ်ဘူး၊ အေးအေး ဆေးဆေးနဲ့ နောက်ဆုတ် လိုက်စမ်းပါ ပေါက်ဖော်ကြီးရာ” ဆိုတာက တစ်မျိုး။
“နင်စာရေး ဆရာ ဖြစ်ရင်တော့လေ ငါ့အိမ်မှာ ရှိသမျှ စာအုပ်တွေ အားလုံး မီးရှို့ ပစ်လိုက်မယ်” ဆိုတာက တစ်ဖုံ။ ပြောနေ လိုက်ကြတာလေ။

ဟွန်း။ တွေ့ကြ သေးတာပေါ့။ ငါစာရေးဆရာ ဖြစ်ရင်တော့လေ။ ဒီကောင်ကြီးတွေကို

Monday, July 2, 2012

မိုးသည်းလို့  မစဲ


မိုးတဖွဲဖွဲ ကျနေသည်။
                  ………………………………..     
မိုးရေထဲ ဆော့ကစားနေကြကုန်သော ကလေးများကို ညိုလေးကြည့်ကာ ရင်ထဲတွင် လေးလံနေမိ
၏။ကလေးဘ၀ကတည်းက မိုးရွာသည်နှင့် တပြိုင်နက် အိမ်ပြင်ထွက်ကာ သူငယ်ချင်း
များနှင့်အတူ မိုးရေကစားတတ်သည်ကို ညိုလေးသတိရနေမိလေသည်။အခုကျတော့

ဟင်းခနဲ သက်ပြင်းချကာ ညိုလေးခေါင်းယမ်းနေမိ၏။

Thursday, May 24, 2012

စ...စာ...စား



                            




                                        “

ဘားအံ ကွန်ပျူတာတက္ကသိုလ်ကို ကျောင်းစအပ်တဲ့ နေ့ က မှတ်မိပါသေးတယ်။စာရေးမက
ဘယ်လိုကနေဘယ်လို စိတ်ကောင်း ၀င်လာသလဲ မသိတော့ပါဘူး။ကျောင်းအုပ် ဆရာမကြီးနဲ့ 
သွားတွေ့ ဖို့ ရုံးခန်းဆီ ခေါ်ဆောင်သွားလေရဲ့။ရုံးခန်းထဲ ရောက်တော့ ဆရာမကြီးက
ဘယ်ကျောင်းမှာ ဆယ်တန်းအောင်တာလဲလို့ မေးပါလေရော။ ဘုရားသုံးဆူမြို့ ကပါလို့ 
ကိုယ်ဖြေလိုက်တော့ ဆရာမကြီးက ကွန်ပျူတာစာတွေက
အရမ်းခက်ခဲတဲ့အကြောင်း၊တော်ရုံတန်ရုံနဲ့ တက်ချင်တိုင်းတက်
လို့ မရနိုင်ကြောင်း၊ဒီနှစ်တော့ တစ်နှစ်လုံးစာကို တစ်ကြိမ်တည်းဖြေရမှာဖြစ်လို့  အရင်ကထက်
နှစ်ဆ စာများနိုင်ကြောင်းဆိုပြီး သြ၀ါဒတွေ ချွေလေရဲ့။အင်း၊မပြိုင်မီက ရှုံးနှင့်သည်ဆိုတဲ့
စကားကိုတောင်သတိရမိပါသေး။ဘယ်တတ်နိုင်မလဲလေ။ကိုယ့်ထိုက်နဲ့  ကိုယ့်ကံပဲပေါ့။

                                        :D

Sunday, May 6, 2012

လူ့ ဘ၀ရဲ့ အနှစ်သာရ


 
                                          
ရုပ်ရှင်မင်းသမီး တစ်ဦးဖြစ်တဲ့ ကျွန်မအတွက် ရိုက်ကွင်းများပေါ် ကျင်လည်ခွင့် ရရှိခဲ့တဲ့အချိန်တိုင်းဟာ

  အချိုမြိန်ဆုံး နေ့ ရက်တွေပါပဲ။ဘ၀မှာ ဘယ်လောက်ပဲ ဆိုးဆိုးဝါးဝါး ခံစားနေရပါစေ။ဒီအနုပညာ

ကို ဖက်တွယ်ခွင့်ရတဲ့အတွက်လည်း ပျော်ရွှင်ကျေနပ်နေရသူပါ။အခုတော့ကျွန်မရဲ့ စိမ့်စမ်းရေ

လေးကြောင့် ဒါတွေအားလုံးကို စွန့် လွှတ်ရဲတဲ့အထိ သွေးနီလာချေပြီ။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မှတ်မိပါသေးတယ်။သားအိမ်အခြေအနေကြောင့်  မွေးဖွားမယ့်ရက်ထက် နှစ်ပတ်စောပြီး

သမီးလေးကို မွေးဖွားရတာကိုပါ။ကျွန်မနှာခေါင်းမှာ ပိုက်တန်းလန်းတပ်ထားပေးပြီး ထုံဆေး

ထိုးကာ ဗိုက်ကိုခွဲစိတ်ပါတော့တယ်။ဆေးရှိန် ရီဝေေ၀ဖြစ်နေရင်းနဲ့ ကလေးကို ဆွဲထုတ်တဲ့အခိုက်

မှာ ဘာလို့ ကလေးမငိုပါလိမ့်လို ပူပင်နေပြန်ပါတယ်။လူက လှုပ်လို့ မရ ၊စကားပြောလို့ လည်း

မရနဲ့ ဆိုတော့ အခံရခက်ပါပြီ။အတန်ကြာမှ ကလေးငိုသံ ကြားလိုက်ရတော့