ဆွေးမြေ့နေတဲ့ နှလုံးသားကို
ပြန်ပြီး အားဖြည့်ဖို့ 
သူ့ မှာ သတ္တိမရှိ
ကွဲကြေသွားတဲ့ မှန်စများကို
ပြန်ကောက်ယူဖို့ 
သူ့ မှာ ခွန်အားမရှိ
လောကကြီးဟာ
မှောင်အတိ ကျလို့ 
ပင်လယ်ရေဟာ
မိုးတွေ သည်းလာတော့
သူ့ မှာ ကူကယ်ရာမဲ့
ဒီအတိုင်း ဆက်လျှောက်နေရဆဲ
ဆက်လျှောက်ရင်း ဆက်လျှောက်ရင်းနဲ့ 
အဆုံးမဲ့တဲ့ ကမ္ဘာကြီးကို
သူ ဦးညွတ် နေမိလို့ ပေါ့။ ။
(2011ခုနစ် နိုဝင်ဘာလထုတ် Fashion Magazine “လူငယ်ရင်တွင်းဖြစ် ကဗျာ”ကဏ္ဍတွင် ဖော်ပြခံရသော
ကိုယ်တိုင်ရေး ကဗျာတစ်ပုဒ်ကို စာသားပြင်ဆင် မွမ်းမံပြီး ပို့ စ်အဖြစ် တင်ဆက်ထားခြင်း ဖြစ်ပါသည်။)
ထော်ဦး(ဘားအံကွန်ပျူတာ)
ဆွေးမြေ့နေတဲ့ နှလုံးသားကို
ReplyDeleteပြန်ပြီး အားဖြည့်ဖို့ 
သူ့ မှာ သတ္တိမရှိ-----
အဲ တာတော့မဖြစ်ချေဘူးနော် တော်ကြာလူပျိုကြီးဖြစ်နေမယ်
unicode ပြောင်းလိုက်ပြီလား.. ဖတ်လို့မရဘူး..
ReplyDeleteဦးညွတ်မှုတိုင်းဟာ ရှုံးနိမ့်သူရယ်လို့ သတ်မှတ်လို့မရဘူးထင်တယ် မောင်ထော်ဦးရေ (အကွန့်တက်ကြည့်တာ :P)
ReplyDeleteရှုံးနိမ့်ခြင်းရဲ့တစ်ဖက်မှာအောင်မြင်ခြင်းဆိုတာစောင့်ကြိုနေလေ့ရှိပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
နားလည်စွာ ခံစားသွားပါတယ် ကိုထော်ဦးရေ။
ReplyDelete