ရူးရူးမိုက်မိုက် စာသားတွေကြား
ငါ့အတွေးတွေ ပြန့် ကျဲကျလာလို့ 
ကလောင်တံကို လှမ်းကိုင်လိုက်မိ
ဒါပေမဲ့…
မင်ရည် ခပ်ကျဲကျဲ ကလောင်တံလေးက
ငါ့ကို ရယ်မောလှောင်ပြောင်လို့ ပေါ့။
စည်းလွတ်ဝါးလွတ် သံစဉ်တွေကြား
ငါ့အသံတွေ မပီပြင်ဝိုးတ၀ါးနဲ့ 
အိပ်မက်က လန့် နိုးလာတဲ့
ငါကြုံး အော်လိုက်မိ
ဒီအခါကျတော့…
ရေသန့် ဘူးခွံလေးတွေက
ငါ့ကို တိုက်ခိုက်ဖို့ အတွက်
အမြန်နှုန်းနဲ့  လိုက်လာကြတော့တယ်လေ။
“ကဒ်”ဆိုတဲ့ အသံနဲ့ အတူ
ငါ့ သရုပ်ဆောင်ချက်တွေက
မပီပြင် ချို့ ယွင်းချက်တွေနဲ့ 
ကြုံတွေ့ နေရမှတော့
ငါ့ကို အားပေးလာမယ့်
လက်တစ်စုံကို
ယောင်ယမ်းကာ တောင့်တနေမိ
တကယ်တမ်း ကျတော့
ငါ့ကိုအားပေဖို့  နေနေသာသာ
မီးထိုးမှန်ထိုး စက်အဖွဲ့ သားတွေကတောင်
ငါ့ကို မျက်မုန်းကျိုးကြလို့ ပေါ့။ ။
ထော်ဦး(ဘားအံကွန်ပျူတာ)
အမျိုးအမည်မသိတဲ့ ဝေဒနာတစ်ရပ် ခံစားလိုက်ရတယ်။
ReplyDeleteအနုပညာဆိုတာ ကိုယ့်အတွက် ဘယ်လိုပင် အနုပညာမြောက်နေပါစေ၊ တစ်ဖက်က ခံစားသူတွေအပေါ်မှာသာ တိုက်ရိုက်သက်ဆိုင်တဲ့ အရာတစ်ခုလို့ပဲ မြတ် ဆိုချင်ပါတော့တယ်။
အနုပညာ ကို အနုပညာ လို့ မမြင်တတ်တဲ့သူတွေက ကြည့်ရင် အရာရာဟာ လိုနေသလိုလို ပိုနေသလိုလို ဖြစ်နေမှာပဲ... သရုပ်ဆောင်မှုမှာ ဖြစ်စေ စာပေ မှာဖြစ်စေပေါ့..
ReplyDeleteခင်တဲ့
မမဝသုန်
ဖတ်သွားတယ် အကိုထော်ဦး..
ReplyDeleteကိုထော်ဦးရေ
ReplyDeleteလာရောက်ဖတ်ခဲ့ပါတယ်ရှင်