“ သစ်ပင်”
သစ်ပင်တစ်ပင်ကို ခုတ်ထစ်လိုက်
အနှစ်နှစ် အလလက
စိုက်ပျိုးပြုစုခဲ့တာတွေကို မေ့ပစ်လိုက်
ကိုယ်အတွက် အသုံးဝင်တဲ့
ထင်းတွေပရိဘောဂတွေ လုပ်ပစ်လိုက်
သစ်ပင်တစ်ပင်ကို ခုတ်ထစ်မိလို့ 
ဘာများ ပြောင်းလဲလိမ့်မတုံး
ဒီတော့ လူတွေက
သစ်ပင်တွေ တစ်ပင်ပြီးတစ်ပင် ခုတ်ထစ်
နောက်ဆက်တွဲ တောင်ကတုံးတွေဖြစ်
သစ်ပင်ခုတ်ဖို့  လွယ်မှန်းသိပေမယ့်
သစ်ပင်လေး ကြီးထွားလာဖို့ ကျတော့
အနှစ်နှစ် အလလစောင့်
ဒီလိုပါပဲ…
ရာသီဥတု ဖောက်ပြန်မှုတွေ
လျော့ပါးလာဖို့ ကျတော့
လျော့ပါးလာဖို့ ကျတော့
အရိုးဆွေးတဲ့အထိ
စောင့်ဆိုင်းရုံပဲပေါ့။ ။
စောင့်ဆိုင်းရုံပဲပေါ့။ ။
ထော်ဦး(ဘားအံကွန်ပျူတာ)
ကွန်နက်ရှင်ကောင်းတုန်းလေး ကမန်းကတန်း ကြိုတင်ပို့ စ်တင်ထားရတာပါ။
အခုတလော တော်တော်ပူလွန်းလို့  ရေများများသောက်ပေးကြပါနော်။
အပူဒဏ်ခံနိုင်အောင်လို့ ပါ။ဘာကြောင့် ဒီလိုဖြစ်ရသလဲ ဆိုတာကတော့ အပေါ်က ကဗျာအတိုင်းပါပဲ...။
မှန်လိုက်တဲ့ကဗျာ
ReplyDeleteဟုတ်ပဗျာ..သစ်တစ်ပင်ကိုခုတ်မိတာ ပြသနာမရှိဘူးထင်ရပေမဲ့ တစ်လောလုံးလည်း ခုတ်မိရော
ReplyDeleteဖွတ်တက်ကုန်ရော..
ထော်ဦးရေ...ရောက်ခဲ့တယ်။ ပိုစ့်သစ်လေးတင်မယ်ကြံပြီး အိမ်လေလည်နေတုန်း ဒီပိုစ့်လေးဖတ်မိတော့
ReplyDeleteပြုံးသွားတယ်။
ခင်မင်တဲ့
အလွမ်း
ကွန်နက်ရှင်အမြဲကောင်းပြီး မောင်ထော်ဦးတစ်ယောက်
ReplyDeleteတန်ဘိုးရှိတဲ့ စာပေတွေအမြဲရေးနိုင်ပါစေလို့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်