“ဒီ ည ”
ဒီည…
စာကျက်ရတဲ့ ည
စာမေးပွဲ အောင်မြင်ဖို့ အရေး
စာဖိလုပ် နေရလို့ 
အိပ်ရေးပျက် ခဲ့ရတဲ့
ညလေး ပါပဲ…။
ဒီည…
အတွေးရောင်စဉ် တန်းနေတဲ့ည
မနက်ဖြန်ပေါင်း များစွာ
ရှေ့ဆက် အောင်မြင်နိုင်ဖို့ အရေး
ကိန်းဂဏန်းတတွေနဲ့ 
နှစ်ပါးသွားနေရတဲ့ ညပါပဲ…။
ဒီည…
အထီးကျန်တဲ့ ည
ဘယ်သူကမှ အဖက်မလုပ်ကြလို့ 
အဖက်မဆယ်နိုင်တဲ့ ည
ဆံဖြူသွားကျိုးတွေရဲ့ 
မလိုချင်ဘဲရလာမယ့် ညပါပဲလားကွယ်…။ ။
ထော်ဦး(ဘားအံကွန်ပျူတာ)
သတင်းကောင်း---
ဘလော့ဂါ သက်တမ်းတစ်လပြည့်ကတည်းက တင်ထားဖူးတဲ့ ပို့ စ်တစ်ပုဒ်ကို အတွေးဆန့် ထုတ်ပြီး
စာမူလေးတစ်ပုဒ် ရေးသားဖြစ်ပါတယ်။ဒီစာမူ "ပြည်တွင်းစစ်"ကို teen magazine
က ရွေးချယ်ဖော်ပြခံရတဲ့အတွက် ထိုစဉ်က ကွန်မန့်  ရေးသားပေးကြခဲ့ကြတဲ့
ဆရာ ဝေမိုးနိုင်(မုံရွာ)၊အစ်မ ချော(အစိမ်းရောင် လွင်ပြင်)၊အန်တီတင့်၊အစ်မ အိမ်သူ၊ဆရာမ မြသွေးနီ
တို့ ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ကွန်မန့် ကြောင်း တွန်းအားပေးကြလို့ လည်း ဒီစာမူ ဖြစ်ပေါ်လာ
ရတာပါ။ဘလော့ စရေးစဉ်ကတည်းက အခုအချိန်ထိ အားပေးဖတ်ရှု
ကွန်မန့် ပေးကြသူများကို ကျေးဇူးတင်ရသလို ကွန်မန့် မပေးဖြစ်ပေမယ့် စာလာဖတ်ကြတဲ့
စာဖတ်ပရိသတ်များကိုလည်း ကျေးဇူးတင်ပါကြောင်းပြောကြားချင်ပါတယ်။
(ရည်ညွှန်း--- 12.2.2012 "ဘလော့ဂါဘ၀ တစ်လတာ မမေ့နိုင်စရာ" ပို့ စ်မှ)
ထော်ဦး

ထော်ဦးရေ. အလွမ်းရောက်လာခဲ့တယ်။ ဒီညဆိုတော့ ဒီညပေါ့နော်.
ReplyDeleteလာရောက် အားပေးသွားကြောင်း။
ခင်မင်တဲ့
အလွမ်း
အမှတ်တရ လေးပါပဲဗျာ့အားပေးလျှက်ပါ
ReplyDeleteဒီညကဗျာလေးကို ဖတ်ရင်းဂုဏ်ယူဝမ်းမြောက်သွားပါတ်ာဗျာ
ReplyDeleteဒီည စာကျက်နေတယ်ပေါ့. :P
ReplyDeleteသိင်္ဂါကျော်
ဒီည…
ReplyDeleteအထီးကျန်တဲ့ ည
ဘယ်သူကမှ အဖက်မလုပ်ကြလို့ 
အဖက်မဆယ်နိုင်တဲ့ ည
ဆံဖြူသွားကျိုးတွေရဲ့ 
မလိုချင်ဘဲရလာမယ့် ညပါပဲလားကွယ်------
တိုက်ဆိုင်လိုက်လေကွယ်----------
ည .. လှလည်း လှ တတ်ပါသေးတယ် ထော်ဦးရဲ့
ReplyDeleteခင်တဲ့
မဝသုန်
ဆံပင်ဖြူ သွားကျိုးတွေရဲ့ညဆိုတော့ ပိုများနက်နေမလားဘဲနော်။
ReplyDeleteကဗျာလေးကို ခံစား အားပေးသွားပါတယ်။
ဆံဖြူသွားကျိုးတွေရဲ့ 
ReplyDeleteမလိုချင်ဘဲရလာမယ့် ညပါပဲလားကွယ်…။
အဲတာလေးဖတ်ပြီး အသံထွက်လို့တောင် ရီမိတယ်။း)
ခင်တဲ့
မြတ်
လှတဲ့ ဒီညပါဆရာ
ReplyDelete