ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Friday, July 15, 2016

ဖေ့စ်ဘွတ်အသုံးပြုသူတိုင်းအတွက် ဆောင်ရန်၊ ရှောင်ရန်များ

      Facebook, Twitter, Instagram စတဲ့ ကမ္ဘာအရပ်ရပ်မှာ အသုံးပြုနေနကြတဲ့ လူမှုကွန်ယက်တွေထဲမှာ ဖေ့စ်ဘွတ်ဟာ မြန်မာနိုင်ငံမှာလူသုံးအများဆုံး လူမှုကွန်ယက်တစ်ခုပါ။မြန်မာနိုင်ငံမှာဖေ့စ်ဘွတ်အသုံးပြုသူ စုစုပေါင်း သိန်းနှစ်ဆယ်ကျော် ရှိနေပြီလို့လည်းသိရှိထားပါတယ်။ဖေ့စ်ဘွတ်ကို လူကြိုက်များရခြင်းရဲ့ အကြောင်းရင်းကတော့

Tuesday, June 14, 2016

သံယောဇဉ် အမျှင်တန်းတာမို့

  

     အသက်နှစ်ဆယ့်ခြောက်နှစ် ရှိပြီဖြစ်သော မိန်းကလေးတစ်ဦးကို"အပျိုကြီး" ဟု ခေါ်ဆိုနိုင်မည်လား။ယခုတော့ ၀တ်ရည်ကို"အပျိုကြီး...အပျိုကြီး" ဟူ၍ ခေါ်ဆိုသမုတ်နေကြပြီလေ။အမှန်ဆိုအသက်သုံးဆယ်ကျော်မှ "အပျိုကြီး" ဟူသော ဝေါဟာရကို ခေါ်ဆိုရမည်မဟုတ်လား။  
   "အပျိုကြီး" ဟူသော ဝေါဟာရကို ကြားစတုန်းက ကိုယ့်ကိုယ်ကိုအရွယ်ဟိုင်းနေပြီလားဟူ၍  တွေးပူမိသေးသည်။

Monday, May 2, 2016

လောကကို အကောင်းမြင်စိတ် ထားတတ်ဖို့ အချက်(၂၀)ချက်



   “လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋ္ဋေ” ဆိုတဲ့ စကားအတိုင်း အပူအပင်များနဲ့ ကင်းရှင်းနိုင်ကြတဲ့လူတွေ ဒီကမ္ဘာပေါ်မှာ ရှိဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ကိုယ့်အပူကို ပိုမိုပူလောင်ပြင်းပြလာအောင် ပြုလုပ်တတ်တာကလည်းကိုယ်ကိုယ်တိုင်ပါပဲ။ဒါ့ကြောင့် လောကကို အကောင်းမြင်တတ်မယ့် အတွေးလေးတွေ
ရှိကြမယ်ဆိုရင် အရင်ကထက် အပူတွေ လျှော့ကျနိုင်ကောင်းပါရဲ့လို့ စဉ်းစားမိရင်း လောကကို အကောင်းမြင်စိတ် ထားတတ်ဖို့ အချက်(၂၀)ချက်ကိုမျှဝေပေးလိုက်ပါတယ်။

Friday, April 8, 2016

အသင့်စား ခေါက်ဆွဲခြောက်ထုပ်အကြောင်း တစေ့တစောင်း


   
   
     အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေ
ကို လူတိုင်း စားဖူးကြမှာပါ။ဝယ်စားရတာ လွယ်ကူသလို ဈေးနှုန်းပါ ချိုသာတဲ့အတွက်ကြောင့်လည်း လူကြိုက်များလှပါတယ်။အထူးသဖြင့် လကုန်ခါနီး
လက်ထဲ ဘိုင်ပြတ်တဲ့အခါမှာ အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေကို
ဝယ်စားတတ်ကြပါတယ်။

Wednesday, March 2, 2016

ဖေဖေ့သမီး


ဖေဖေ့ဆီမှာ ကင်ဆာရောဂါ စွဲကပ်နေပြီတဲ့လား။ ကြားစတုန်းကတော့ ဖေဖေ နေပြန်ကောင်းသွားမှာပါလို့ သာ ကိုယ် ခပ်ဖော့ဖော့လေး တွေးနေမိခဲ့တယ်။ခုတော့ ကိုယ်ထင်ထားတာထက်တောင် အခြေအနေတွေ ပိုဆိုးလာပြီလေ။
....................
နှာခေါင်းထဲမှာ အောက်ဆီဂျင်ပိုက်တပ်ထားတဲ့ ဖေဖေ့ကို ကိုယ် ငေးကြည့်ရင်း အသက်ရှူရတာ မွန်းကျပ်လွန်းလှပါပြီ။ဖေဖေ ပြောခဲ့ဖူးတဲ့ စကားကို ပြန်ကြားယောင်မိတော့ "ဖွဟဲ့...လွဲပါစေ" လို့ သာ ကိုယ်ဆုတောင်းနေမိတော့တယ်။
"တကယ်လို့  အဖေသေသွားခဲ့ရင် အဖေရေးဖို့  ကျန်ခဲ့တဲ့ ၀တ္ထုကို

Saturday, December 19, 2015

ဒေ၀တာမြို့တော်ရောက် စာရေးဆရာမင်းလူသို့ အမှတ်တရ






27.8.2010.
“ဒီမယ်. ဆရာ ငါ့လူ”
“ဘိုလ်မျောက်ဒင်”ကို ဖတ်ပြီး ရယ်လိုက်ရတာ၊ပါးကို အောင့်လို့ …
မကျေနပ်ဘူး. ငါ့လူ!
သတ္တိရှိရင် မန္တလေးကိုတက်ခဲ့။
အုပ်စုလိုက် စောင့်နေတယ်။
ဒါဘဲ-(ဟိုဟာ ကြက်)
ငြိမ်း(ရွှေလိမ်)- နဲ့ 
အဖွဲ့ 

       အထက်ပါ စာစုလေးဟာ စာရေးဆရာမ ငြိမ်း(ရွှေလီ)က စာရေးဆရာ မင်းလူသို့  ပေးပို့ ထားတဲ့ စာလေးပါ။ကလျာမဂ္ဂဇင်းပါ ဆရာမင်းလူရဲ့ "ဗိုလ်မျောက်ဒင်" ကို ဖတ်ပြီး သဘောကျနှစ်သက်လို့  တကူးတက ရေးထားခြင်း ဖြစ်တယ်လို့  ယူဆရပါတယ်။မူရင်းလက်ရေးကို ဖတ်ရှုချင်ရင်

Friday, December 4, 2015

ငြီးငွေ့ စိတ်ပျက်ခဲ့ဖူးတဲ့ ငါ့ရဲ့ နွေဦးရာသီဇာတ်လမ်း



၂၀၁၃ခုနစ် စက်တင်ဘာလအတွင်း ရန်ကုန်နဲ့ မန္တလေးမြို့ တို့ မှာ ရုံတင်ပြသသွားခဲ့တဲ့ ၀ိညာဉ်နောက်ခံ ထိုင်း ထိတ်လန့် သည်းဖို ရုပ်ရှင်ကားလေးပါ။"Pee Mak" ထိုင်းဝိညာဉ် ဟာသဇာတ်မြူးဇာတ်ကားရဲ့
အောင်မြင်မှုအရှိန်ကြောင့် "Last Summer" ဆိုတဲ့ ဒီထိုင်းဇာတ်ကားလေးကို ရုံတင်ဖြစ်တာပါ။ဒီဇာတ်ကားဟာ ၀ိညာဉ် သည်းထိတ်ရင်ဖိုအဖြစ် ခံစားကြရမယ့်အပြင် မိသားစုဒရာမာ အနေနဲ့ လည်း

Friday, November 20, 2015

ဖေ့စ်ဘွတ်သြဇာလွှမ်းမိုးမှုအကြောင်း မရေးမကောင်း


     ကမ္ဘာနဲ့ အ၀န်း အသုံးပြုကြတဲ့ ဆိုရှယ်လူမှုကွန်ယက်တွေထဲမှ တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ဟာ ၂၀၁၅ခုနစ်၊သြဂုတ်လ ၂၄ရက် တစ်ရက်တည်းမှာ တစ်ကမ္ဘာလုံးအနေနဲ့  သုံးစွဲသူစုစုပေါင်း သန်းတစ်ထောင်ခန့်  ပြည့်သွားခဲ့ပါပြီ။အခုတင်ပြတဲ့ ကိန်းဂဏန်းကို ကြည့်ချင်အားဖြင့် ဖေ့စ်ဘွတ်ရဲ့ သြဇာလွှမ်းမိုးမှုကို မြင်တွေ့ နိုင်ပါတယ်။မြန်မာနိုင်ငံမှာတော့ ဖေ့စ်ဘွတ်သုံးစွဲသူ စုစုပေါင်း
သိန်းနှစ်ဆယ်ကျော် ရှိနိုင်ပြီး ဒီ့ထက်

Wednesday, September 2, 2015

သမီးပျိုတို့  သတိချပ်ဖို့ 


    ဖုန်းတွေ ပေါများလှတဲ့ အခုလို ခေတ်ကြီးထဲမှာ ဖုန်းသရဲတွေရဲ့ ဖွန်ကြောင်ခြင်းတွေကို သမီးပျိုတို့  ကြုံတွေ့ ကြရမှာပါ။တချို့ က ဘာမှ မယ်မယ်ရရ မရှိဘဲ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ဟိုမေးဒီမြန်းနဲ့  အူကြောင်ကြောင် ဖုန်းဆက်တတ်ကြပါတယ်။အဆိုးဆုံးကတော့ ကိုယ်အိပ်ရာဝင်ပြီးဖြစ်တဲ့
ညသန်းခေါင်ယံအချိန်မှာ ဖုန်းသရဲတွေက အနှောင့်အယှက် ပြုတတ်ကြတာပါပဲ။ဒါ့ကြောင့် သမီးပျိုလေးတွေ ညအိပ်ရာ ၀င်တဲ့အခါကျရင် ဖုန်းပိတ်ထားလိုက်ဖို့  သတိပေးချင်ပါတယ်။ကိုယ့်ကို မဟုတ်က ဟုတ်က စကားရော ဖော်ရော ဖုန်းဆက်လာရင်လည်း ဖုန်းချပစ်လိုက်ဖို့  အကြံပြုချင်ပါတယ်။
                                          @@@
     တချို့  သမီးပျိုလေးတွေကျတော့ ချစ်သူကိုယ်စီ ပိုင်ဆိုင်ထားတတ်ကြပါတယ်။အခုတလော ကြားသိထားတာကတော့ ချစ်သူစုံတွဲတွေ ဟိုတယ် တည်းခိုခန်း သွားတတ်ကြတဲ့ အကြောင်းပါ။

Saturday, July 18, 2015

ပိန်ချင်တယ်ဆို ဒါကို ဖတ်ပါ


  ပိန်သွားအောင် ဘယ်လိုပြုကျင့်ရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေ မမျှဝေပေးသေးခင် လူတွေ ဘာကြောင့် ပိန်ချင်ကြသလဲဆိုတာ လေ့လာဆန်းစစ်ကြည့်ကြရအောင်ပါ။တချို့ က ပိန်သွားရင် လှသွားမယ်ဆိုပြီး ထင်မြင်တတ်ကြလို့  ပိုမို ပိန်သထက် ပိန်သွားအောင် အစားရှောင်ရင်းနဲ
့အစာအိမ်ရောဂါ ၀င်လာတဲ့အထိ အလွန်အကျွံ အစားအစာ လျှော့စားတတ်ကြပါတယ်။ဒါဟာ
မဖြစ်သင့်တဲ့ ကိစ္စမို့ လို့ စာရေးသူအနေနဲ့  အားမပေးလိုပါဘူး။နောက်ထပ် လူတွေ ပိန်ချင်တဲ့
အကြောင်းရင်းကတော့ အ၀လွန်ရောဂါ စွဲကပ်

Friday, June 5, 2015

စာဖတ်လာဖို့  တွန်းပေးကြစို့ 




         လူငယ်တွေ ကြားမှာ ဖျော်ဖြေရေးကဏ္ဍတွေ ပိုမိုများပြားလာတာနဲ့ အမျှ စာဖတ်ခြင်းအလေ့အထလည်း သူတို့  လေးတွေ ကြားမှာ ပိုမိုမှိန်ဖျော့လာတာကို တွေ့ မြင်ကြရမှာပါ။ဖျော်ဖြေရေးကဏ္ဍ ဆိုရာမှာတော့ ရုပ်မြင်သံကြားနဲ့ အင်တာနက်တွေ ပါဝင်ပါတယ်။ဂိမ်းလည်း အပါအ၀င်ပါပဲ။စာအုပ်တစ်အုပ်ကို မျက်လုံးအညောင်းခံပြီး

Tuesday, May 5, 2015

အတောင်စုံရင်ဖြင့်...


"ငှက်ကလေးတွေ အတောင်စုံလာကြရင် အသိုက်အမြုံထဲကနေ ပျံသန်းသွားတတ်ကြတာ သဘာဝပါပဲလေ"
                                                     @@@@@@

ခုတလော သမီးကြီးကို သတိရနေမိတယ်။အဖေလုပ်သူက ကျွန်မကို ဘယ်နည်းနဲ့ ပဲ ဖျောင်းဖျဖျောင်းဖျ သမီးနဲ့ ပတ်သက်ပြီး ကျွန်မ ခံစားနေရတုန်းပါပဲ။ကိုယ်တိုင် ၀မ်းနဲ့ လွယ်မွေးထားတဲ့
မိခင်စိတ်ကြောင့်ပဲလား မသိ။ဒီလို အဖြစ်အပျက်မျိုး မဖြစ်ပွားလာရလေအောင် ကျွန်မ တတ်စွမ်းသမျှ တားဆီးထားပေမယ့် နောက်ဆုံးတော့

Thursday, April 2, 2015

နှစ်ပွင့် ဝေ...တစ်ပွင့် ကြွေသည်



ညသည် နက်သထက် နက်လာလေသည်။မိုးကောင်းကင်ကြားမှ မှိတ်တုတ်မှိတ်တုတ် ကြယ်ပွင့်ချပ်များသည် စိတ်ချမ်းမြေ့စဖွယ် ကောင်းလှ၏။ပြတင်းပေါက်မှတစ်ဆင့် လှမ်းမြင်နေရသော သစ်ပင်အကိုင်းအခက်လေးများသည် လေပြည်ညင်းတိုက်ခတ်ရာသို့  ယိမ်းနွဲ့ လျက်ရှိပေသည်။ စားပွဲပေါ်တွင် ထွန်းထားသည့် ဖယောင်းတိုင်သည်လည်း ဟိုယိမ်းဒီယိမ်းကာ ပျော်မြူးနေသယောင် ရှိလေ၏။သို့ သော် သူတို့  နှစ်ဦး၏ ရင်ထဲတွင် ပူလောင်ပြင်းပြစွာ လှုပ်ခတ်လျက်

Monday, November 10, 2014

HIV - AIDS အကြောင်း တစေ့တစောင်း


    နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ ၁ရက်နေ့ ကို ကမ္ဘာ့ ခုခံအား ကျဆင်းရေး တိုက်ဖျက်ရေးအဖြစ် သတ်မှတ်ကြပါတယ်။
    ဒီလိုနေ့ မျိုးမှာ တချို့ နိုင်ငံတွေက လူငယ်တွေစည်ကားတတ်တဲ့ နေရာမျိုးမှာ အကာအကွယ်ပစ္စည်းတွေ၊ လက်ကမ်းစာစောင်လေးတွေ ဝေငှတတ်ကြပါတယ်။တချို့ စာနယ်ဇင်းတွေကျတော့လည်း ဒီဇင်ဘာ ၁ရက်နေ့ ရောက်တိုင်း ခုခံအားကျဆင်းခြင်း တိုက်ဖျက်ရေးအတွက် လှုပ်ဆော်ဆောင်းပါးလေးတွေ ဖော်ပြတတ်ကြပါတယ်။

Friday, October 10, 2014

ပြည်တွင်းစစ်


   ၂၀၁၂ခုနစ် ဇန်န၀ါရီလ ၁၂ရက်နေ့ ကပါ။လက်နက်ကိုင်အဖွဲ့ အစည်းတစ်စုက
ငြိမ်းချမ်းရေးဆွေးနွေးပြီး လက်မှတ်ရေးထိုးကြတဲ့ သတင်းကို ကြားသိရပါတယ်။ဒါဆို ကိုယ်တို့  ဘုရားသုံးဆူနယ်စပ်မြို့ လေးလည်း ငြိမ်းချမ်းတော့မှာပေါ့။ဒီအတွေးက ဒီမှာတင် ရပ်မသွားဘဲ ဟိုးလွန်ခဲ့တဲ့ မငြိမ်းမချမ်းကာလဆီကို ဦးတည်မိလေတော့...။

                                 @@@@@
   ၂၀၁၀ ပြည့်နှစ်၊နိုဝင်ဘာလကပါ။ဆိုင်ကယ်သံ၊ကားသံတညံညံနဲ့  နယ်စပ်မြို့ လေးလည်း အခုကျတော့ တိတ်ဆိတ်ငြိမ်သက်လို့ ။အထိတ်တလန့်  လူတချို့ လည်း ဟိုဘက်ကမ်း(ထိုင်းဘက်ကမ်း)ကို ကူးပြီး

Friday, August 1, 2014

စာဖတ်ဖြစ် စာရေးဖြစ်တဲ့အခါ

        


လူတစ်ယောက် စာဖတ်ဖြစ် စာရေးဖြစ်တဲ့အခါ ကြုံတွေ့ ရတဲ့ အခက်အခဲတွေကတော့ အများကြီးပါ။စာဖတ်သူ တစ်ယောက်အတွက်ကျတော့ ရင်ထဲထိတဲ့ စာလေးတွေ ဖတ်ခွင့်မရတာကိုက ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ဘယ်သူ့ ကို အပြစ်တင်ရမလဲလို မေးလာရင် စာရေးသူကိုပဲ အပြစ်တင်ရမှာပါ။ဒီတော့ စာရေးသူတွေလည်း အရင်ရေးနေကျ မဲပြာပုဆိုး ဇာတ်လမ်းဇာတ်ကွက်ကနေ ခွဲထွက်သွားနိုင်အောင် ရေးနိုင်ဖို့ လိုအပ်တာပါပဲ။

ကိုယ်တိုင်က စာရေးဖို့ ကြိုးစားနေသူဆိုတော့လည်း စာဘယ်လိုရေးရမလဲဆိုတာ

Thursday, July 10, 2014

သတိ...ပေါက်ကွဲတတ်သည်


တလောက ထော်ထော် ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရပါတယ်။ ဘာတဲ့။တရုတ်အမျိုးသမီးတစ်ယောက် i Phone အားသွင်းရင်းနဲ့  ဖုန်းဆက်စကားပြောနေတဲ့အချိန်မှာ ဖုန်းပေါက်ကွဲသွားလို့  အဲဒီအမျိုးသမီးလည်း သေပွဲဝင်သွားတယ် ဆိုလားပဲ။ထော်ထော်တို့  တစ်ဆောင်လုံးလည်း

Sunday, June 1, 2014

ခရီးဝေးကို သွားစို့ ကွယ်


ငါသေသွားပြီ။ ဟင့်အင်း ငါအခုမှ ငယ်ငယ်လေးပဲ ရှိသေးတာ။ ငါဘာကြောင့် အစောကြီး သေရတာလဲ။
လောကကြီးက ငါ့အပေါ် မတရားဘူး။ မရဘူး။ ငါ့ကိုယ်ထဲကို ပြန်ဝင်မယ်။ ဟင်း၊ ငါဝင်လို့ မရအောင် ဘာဖြစ်လို့ ပူလောင် နေရတာလဲ။ ငါ၊ ငါ တကယ်ပဲ သေသွားပြီပေါ့။

Saturday, May 3, 2014

အထာလေးတွေ နပ်ထားကြစေချင်


ကျွန်တော့် ဖေ့စ်ဘွတ်အကောင့်ထဲမှာ စာရေးဖော် မောင်နှမများရဲ့ အကောင့်တွေ အများကြီး ရှိပါတယ်။တချို့ က ပုံနှိပ်စာမျက်နှာတွေပေါ်မှာ နေရာရထားပြီးသား သူတွေ ဖြစ်နေကြပြီး တချို့ ကျတော့လည်း အခုမှ ပုံနှိပ်မီဒီယာပေါ် တိုးဝင်နိုင်ဖို့  ကြိုးစားနေကြသူတွေပါ။ကျွန်တော် ပြောချင်တာကတော့ ပုံနှိပ်စာမျက်နှာတွေပေါ် တိုးဝင်နိုင်ဖို့  ကြိုးစားနေကြတဲ့ ဖေ့စ်ဘွတ်စာရေးသူတွေကိုပါ။ 

Wednesday, December 11, 2013

အိပ်မက်ပွင့်ချပ်များနှင့်အတူ ပွေ့ ပိုက်အိပ်စက်ကြည့်ခြင်း


၂၀၁၃ခုနစ်၊ဇူလိုင်လ ၂၀ရက်နေ့ က အွန်လိုင်းပေါ်မှာ အစ်မတစ်ယောက်လို
ခင်မင်ရတဲ့ စာရေးဆရာမ စုသဲမွန်ဆီက မေတ္တာလက်ဆောင် စာအုပ်လေးတစ်အုပ်
လက်ခံရရှိခဲ့ပါတယ်။အစ်မ စုသဲမွန်ကိုယ်တိုင် ရေးသားထုတ်ဝေထားတဲ့
"ထွေးပိုက်အိပ်မက်နှင်းဆီ" ၀တ္ထုတိုစုစည်းမှု စာအုပ်။စာအုပ်ရဲ့ ပုံနှိပ်မှတ်တမ်းကို လှန်ကြည့်လိုက်တော့
၂၀၁၃ခုနစ်(မေလ)။မျက်နှာဖုံးပန်းချီကို ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်
ပန်းချီဆရာ မင်းကိုနိုင်က ရေးဆွဲထားပေးပြီး စာအုပ်တန်ဖိုး ၂၀၀၀ကျပ်နဲ့ 
ရောင်းချပေးထားပါတယ်။