ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Saturday, July 18, 2015

ပိန်ချင်တယ်ဆို ဒါကို ဖတ်ပါ


  ပိန်သွားအောင် ဘယ်လိုပြုကျင့်ရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေ မမျှဝေပေးသေးခင် လူတွေ ဘာကြောင့် ပိန်ချင်ကြသလဲဆိုတာ လေ့လာဆန်းစစ်ကြည့်ကြရအောင်ပါ။တချို့ က ပိန်သွားရင် လှသွားမယ်ဆိုပြီး ထင်မြင်တတ်ကြလို့  ပိုမို ပိန်သထက် ပိန်သွားအောင် အစားရှောင်ရင်းနဲ
့အစာအိမ်ရောဂါ ၀င်လာတဲ့အထိ အလွန်အကျွံ အစားအစာ လျှော့စားတတ်ကြပါတယ်။ဒါဟာ
မဖြစ်သင့်တဲ့ ကိစ္စမို့ လို့ စာရေးသူအနေနဲ့  အားမပေးလိုပါဘူး။နောက်ထပ် လူတွေ ပိန်ချင်တဲ့
အကြောင်းရင်းကတော့ အ၀လွန်ရောဂါ စွဲကပ်
သွားကြလို့ ပါ။အားလုံး သိထားကြတဲ့အတိုင်း အ၀လွန်ရောဂါ စွဲကပ်လာပြီးဆိုရင် ဆီးချို ၊သွေးတိုး စတဲ့ ရောဂါအစွယ်အဖွားတွေ ၀င်ရောက်လာနိုင်ပါတယ်။ လူတွေ အ၀လွန်ရောဂါ စွဲကပ်သွားရတဲ့ အဓိကအကြောင်းရင်းများကတော့ အချိုရည်သောက်သုံးမှုများခြင်း၊အဆီအဆိမ့် အစားများခြင်း၊ထသွားထလား နည်းပါးခြင်း၊ညကိုးနာရီနောက်ပိုင်း အချိန်တွေမှာ
အစားအစာနဲ့ သရေစာလေးတွေ စားသုံးခြင်းတို့ ဟာ အ၀လွန်ရောဂါကို ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။အထက်ပါ အကြောင်းရင်းတွေကို ရှောင်ကြဉ်နိုင်မယ်ဆိုရင် အ၀လွန်ရောဂါ စွဲကပ်မှုလည်း
လျှော့နည်းသွားစေနိုင်ပါတယ်။ဒါ့အပြင် အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေကို ပြုကျင့်နိုင်မယ်ဆိုရင် အချိန်တိုလေးအတွင်းမှာ ပိန်ပါးသွယ်လျနိုင်လိမ့်မယ်လို့  အာမခံ ပါရစေ။

၁။ရှင်ဘုရင်လို၊မင်းညီမင်းသားလို၊သူဖုန်းစားလို  စားပေးပါ။
      မနက်စာကို ရှင်ဘုရင်လို သင့်စိတ်ကြိုက် အများကြီး စားပေးနိုင်ပြီး နေ့ လယ်စာကိုတော့ မင်းညီမင်းသားလို အတန်အသင့် စားပေးပါ။ညစာကိုကျတော့ သူဖုန်းစားလို အဆာပြေရုံသာ စားပေးရမှာပါ။ဆိုလိုတာက မနက်စာကို သင့်စိတ်ကြိုက် အစားအစာလေးတွေ အများကြီး စားသုံးပေးလို့ 
ရပါတယ်။မနက်စာဟာ လူတွေရဲ့ တစ်နေ့ တာ စွမ်းအင်ကို အသုံးချရာမှာ လိုအပ်လှတဲ့အတွက် မနက်စာ မစားဘဲနဲ့ တော့ မနေကြပါနဲ့ ။နေ့ လယ်စာကိုကျတော့ အတန်အသင့် စားပေးနိုင်ပြီး မနက်စာလို အများကြီး မစားမိဖို့ တော့ သတိချပ်စေချင်ပါတယ်။ညစာကိုကျတော့ အဆာပြေရုံသာ စားပေးနိုင်တဲ့အတွက်
ထမင်းနဲ့  ဟင်းချိုလေးတစ်မယ်လောက်သာ စားပေးပါ။ဒါမှမဟုတ် ငှက်ပျောသီး၊ပန်းသီး၊သစ်တော်သီး ဖြစ်ဖြစ် အဆာပြေရုံ တစ်လုံးနှစ်လုံးလောက် စားပေးလို့  ရပါတယ်(ဒီ ပထမဦးဆုံး အချက်ဟာ စာရေးသူကိုယ်တိုင်ကျင့်သုံးတဲ့အချက်ဖြစ်ပြီး ထိရောက်တဲ့
နည်းလမ်းကောင်းလေး တစ်ချက်ပါ)။

၂။ဒါတွေကို ရှောင်ပါ။
     အချိုရည်၊သကြားလုံး၊အဆီနဲ့  ကြော်ထားတဲ့ အာလူးကြော်၊ငှက်ပျောကြော်တို့ လို မုန့် ပဲသရေစာလေးတွေကို မစားမိစေဖို့  အထူးရှောင်ရှားပေးပါ။အဆီအဆိမ့်ပါတဲ့ ဟင်းတွေကိုလည်း ရှောင်နိုင်ရင် ပိုကောင်းပါတယ်။

၃။လမ်းလျှောက်ပေးပါ။
   တစ်နေ့ ကို နာရီဝက် တစ်နာရီလောက် လမ်းလျှောက်ပေးပါ။ဒါမှသာ ခန္ဒာကိုယ်မှာရှိတဲ့ ကယ်လိုရီ အဆီဓာတ်ပမာဏတွေကို ပိုမိုလောင်ကျွမ်းစေပြီး ပိန်သွားစေနိုင်ပါတယ်။အမြန်ဆုံး ပိန်ချင်ကြသူများအတွက်
မနက်တစ်ကြိမ်၊ညနေတစ်ကြိမ် တစ်နာရီခွဲ၊နှစ်နာရီလောက် လမ်းလျှောက်ပေးပါလို့  တိုက်တွန်းချင်ပါတယ်။ထသွားထလာ နည်းပါးတဲ့ သူတွေအတွက် အိမ်မှာနေရင်း ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်ပေးနိုင်ပါတယ်။

၎။အိပ်ရေး၀၀ အိပ်ပါ။
     အိပ်ရေးပျက်ခြင်းဟာလည်း လူကို ပိုမိုဝလာစေနိုင်ပါတယ်။အနည်းဆုံး ခုနစ်နာရီ ဒါမှမဟုတ် ရှစ်နာရီအထိ အိပ်စက်ပေးနိုင်မှသာ အိမ်ရေးဝမှာပါ။

၅။ပူပန်သောက ဖြစ်ခြင်းကို လျှော့ချပါ။
   တချို့ လူတွေအတွက်ကျတော့ ပူပန်သောကဖြစ်ခြင်းဟာ လူကို ပိုမိုဝလာစေနိုင်ပါတယ်။အဲဒီအချိန်အခါမှာ အ၀လွန်နိုင်တဲ့ အစားအစာလေးတွေကို သတိမထားမိဘဲ စားမိသွားနိုင်သလို ပူပန်မှုများကြောင့်
အိပ်ရေးပျက်တာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။

၆။အိပ်စက်ခါနီး ညကိုးနာရီနောက်ပိုင်း အစာမစားမိပါစေနဲ့ ။
     အိပ်စက်ခါနီး ညကိုးနာရီနောက်ပိုင်း အစားအစာ စားသုံးခြင်းဟာ လူကို ပိုမိုဝလာစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ညစာစားပြီးနောက် ဘာမျှလှုပ်ရှားမှုမပြုဘဲ အိပ်စက်အနားယူလိုက်တဲ့အတွက် ခန္ဒာကိုယ်အတွင်းမှာ အဆီဓာတ်တွေ ပိုမိုစုဆောင်းသွားစေနိုင်ပါတယ်။ဒါ့ကြောင့် အိပ်စက်ခါနီး
ညကိုးနာရီနောက်ပိုင်း ရေကလွဲပြီး ဘာအစားအစာမှ မစားသောက်မိစေဖို့  အထူး သတိပေးထားချင်ပါတယ်။

       အထက်ပါ အချက်ခြောက်ချက်တွေဟာ တစ်ချက်နဲ့ တစ်ချက် ဆက်စပ်မှု ရှိပါတယ်။အစားအစာတွေကို မိမိစိတ်ကြိုက် တစွတ်စွတ် စားသောက်ပြီး ကိုယ်လက်လှုပ်ရှားမှု နည်းပါးသူတွေအတွက်ကျတော့ ဒီနည်းလမ်းလေးတွေကို လိုက်နာဖို့  ခဲယဉ်းပါလိမ့်မယ်။ခြောက်ချက်စလုံး မလိုက်နာနိုင်ရင်တောင်
ထိပ်ဆုံးအချက်သုံးချက်ကို လိုက်နာနိုင်ဖို့  အားထုတ်ပေးစေချင်ပါတယ်။အ၀လွန်ရောဂါဟာ အထက်က ပြောထားဖူးသလို ဆီးချို၊၊သွေးတိုးကဲ့သို့  ရောဂါအစွယ်အဖွားတွေကို တိုးပွားလာစေနိုင်တဲ့အတွက် အ၀လွန်ရောဂါ မဖြစ်ပွာလာစေဖို့  မိမိကိုယ်ကို ဂရုစိုက်သင့်လှပါတယ်။
       စာဖတ်ပရိသတ်များအားလုံးလည်း အ၀လွန်ရောဂါကို တိုက်ထုတ်နိုင်ကြပါစေ….။
                                                                                            ထော်ဦး(ဘားအံကွန်ပျူတာ)
                                                                                            စံတော်ချိန် သတင်းစာ
                                                                                           ၁၉.၅.၂၀၁၅(အင်္ဂါနေ့ )ထုတ်

No comments:

Post a Comment