ပေမယ့် ကိုယ်တိုင်က သိပ်မကျမ်းကျင်တော့ ဒီအတိုင်းပဲ တင်လိုက်ရတာပါ။ခံစားဖတ်ရှုပေးပါဦးခင်ဗျာ...။
ဖတ်သူမဲ့ ကဗျာ
ကဗျာလေး တစ်ပုဒ်ပါပဲ
ဝေဖန်အပြစ်တင်ခြင်းခံရတဲ့ ကဗျာတစ်ပုဒ်
မဂ္ဂဇင်းပေါ် တင်မိလို့ 
မဂ္ဂဇင်းရဲ့ ဂုဏ်သိက္ခာလေးလည်း
ကျဆင်းသွားရလို့ ပေါ့။
ကဗျာဆရာလေးလည်း
ဒီကဗျာလေးကို ရေးမိလို့ 
ပတ်ဝန်းကျင်ရဲ့ 
ပြစ်တင်ရှုံ့ ချခြင်းကို ခံရလို့ ။
ဒီ့ထက် ပိုဆိုးတာက
ကဗျာဆရာလေးကို
ဘယ်မဂ္ဂဇင်းကမှ
ကလောင်သွေးခွင့်မပြု။
ကဗျာလေးလည်း
ညှိုးငယ်စွာနဲ့ 
ငိုရှိုက်ခဲ့ရပေါင်း များလှပေါ့။
တစ်နေ့ နေ့  တစ်ချိန်ချိန်မှာတော့
နှလုံးသားနဲ့ ခံစားပြီး ဖတ်ပေးမယ့်
တစ်စုံတစ်ဦးလောက်တော့
ပေါ်လာနိုင်ကောင်းပါရဲ့ လို့ 
ကဗျာဆရာလေးက
မျှော်လင့်စောင့်စားလျက်နဲ့ ပေါ့။ ။
မှတ်ချက်။ ။မိမိဧ။် ယုံကြည်ချက်ကို ရဲရဲဝံ့ဝံ့ ရေးသားကာ အပယ်ခံကြရရှာသော ကဗျာဆရာများနှင့်
ကဗျာများအားလုံးသို့  ကမ္ဘာ့ ကဗျာနေ့  အထိမ်းအမှတ်အနေဖြင့်
လှိုက်လှိုက်လှဲလှဲ ဦးညွှတ်လျက်....................။
ထော်ဦး(ဘားအံကွန်ပျူတာ)
ရည်ရွယ်ချက်ကောင်းကောင်းလေးနဲ့ စပ်ထားတဲ့ကဗျာကောင်းလေးပါလား
ReplyDeleteမောင်ထော်ဦးရေ။ အားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဖတ်သူမဲ့ ကဗျာ မဟုတ်တော့ဘူးနော်.. လာဖတ်တဲ့သူတွေ ရှိနေပြီ.. :)
ReplyDeleteအင်း..............အဲဒါမျိုးလေးတွေ ဖြစ်တတ်တယ်ဆရာ။ ဘာလိုချင်တပ်မက်မှုမှမရှိတဲ့ ကဗျာဆရာတွေကို လေးစားပါတယ်ဗျာ။
ReplyDeleteဖတ်သူရှိရုံတင်မကပါဘူး အပိုင်တောင်လိုချင်ပါသေးရဲ့
ReplyDeleteအဲဒီကဗျာဆရာက ဘယ်သူများပါလိမ့်
ReplyDeleteဒီကဗျာဆရာတော့ မဟုတ်လောက်ပါဘူး
ဒီမှာတော့ဖတ်သူတွေ များနေသားဘဲ