နေရောင်ပွင့်ဖူး အာရုဏ်ဦးမှာ
ကျေးငှက်သံသာ တေးဆိုပါဧ။် ။
နေရောင်ဖြောက်ဖြောက် နံနက်ခင်းမှာ
လေပွေတစ်ချက် တိုက်ခတ်ပါရ်ျ
ရွက်ခြောက်ကြွေသံ ဖျတ်ဖျတ်ညံဧ။်။
နေရောင်ထင်ရှား နေ့ ခင်းပိုင်းမှာ
ပူပြင်းခြောက်သွေ့  တံလျှပ်ဖြာဧ။်။
အခုတော့လည်း နွေရာသီမှာ
မိုးတွေကသည်း ရွာမစဲမို့ 
ကမ္ဘာမြေကြီး ဘယ်သို့ ဖောက်ပြန်
မမှန်းတတ်တာ မှားနေလားကွယ်။ ။
ထော်ဦး(ဘားအံကွန်ပျူတာ)
(မတ်လ21ရက်နေ့ တွင် ကျရောက်သော ကမ္ဘာ့ကဗျာနေ့ သို့ အမှတ်တရ)
ဖြစ်စဉ်-(11.3.2012 ညနေပိုင်း)
ဒီကနေ့  ညနေပိုင်းလောက် ရန်ကုန်မြို့ မှာ နွေရာသီဆိုပေမယ့် မိုးရွာနေပါတယ်။
မနှစ်ကလည်း နွေရာသီမှာ မိုးရွာဖူးပါတယ်။
ဒါကြောင့်လည်း အချိန်အခါနဲ့  ကိုက်ညီအောင် ဒီလို ကာရံကဗျာလေးကို တင်ပေးလိုက်တာပါ။
အားပေးကြသူများကို ကျေးဇူးတင်ရပါတယ်။
ထော်ဦး
ဟုတ်ပ ကမ္ဘာကြီးကလဲ ဘာတေါဖြစ်နေမှန်းမသိပါဘူး
ReplyDeleteကဗျာလေးကောင်းပါ၏
၁၁ရက်နေ့ နေ့လည်ပိုင်း ၂နာရီကျော်မှာ တီတင့်တို့ FMI City ကို မုန်တိုင်းအငယ်လေး
ReplyDelete၁၀မိနစ်ခန့် ဝင်ရောက်တိုက်ခိုက်သွားတယ် မောင်ထော်ဦးရေ။ အချိန်ခါမဟုတ် မိုးတွေလည်းရွာလို့
လေပြင်းကလည်းတိုက်နဲ့ သစ်ပင်ကျိုး မှန်ကွဲ အမိုးလံဖြစ်ကြတယ်ပြောတယ်။ အိမ်တော့ဘာမှဖြစ်ဘူး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်