ဂစ်တာကြိုးကို ညှိပြီး
သူသီချင်းဆိုတယ်
ဒါ သူ့ဝါသနာလေ
ဒါပေမဲ့...
လူတွေက ဘာဖြစ်လို့
သူ့ကို ဂျစ်ပစီလို့ ခေါ်ကြတာလဲ
သူညညတွေမှာ သူငယ်ချင်းတွေနဲ့
ဂစ်တာတီးပြီး သီချင်း ဆိုကြလို့လား
ဒါဆို သူဒီမြို့ကနေ
ထွက်သွား ရတော့မယ်
သူ့ဝါသနာကို အကောင်အထည် ဖော်ဖို့
ရန်ကုန်မြို့တော်ကို
သူအခြေ ချလိုက်တယ်
ဘ၀ဆိုတာ...
ရုပ်ရှင်တွေထဲကလို
မလွယ်မှန်းသူ သိတော့
သူအိမ်ပြန်ချင် လာမိတယ်
အထူးသဖြင့်
သူ့အမေကို ပြန်တွေ့ချင်မိတယ်
အားပေးတဲ့ လက်တစ်စုံကို
သူ ဆုပ်ကိုင်ချင်တယ်
ဒါဆိုရင် လူတွေက
သူနောက်ဆုတ်တယ်ထင်ပြီး
ဝိုင်းဟားကြလိမ့်မယ်
မဖြစ်ဘူး
သူအိမ်ပြန်လို့ မဖြစ်ဘူး
ဒီပုံစံနဲ့လည်း
သူ အိမ်မပြန်ချင်ဘူး
သူ ဒီစားသောက်ဆိုင်မှာပဲ
သီချင်းဆိုရဦးမှာလား
ကံကြမ္မာက သူ့အပေါ်
မျက်နှာသာပေးလာမှ
သူ့ဘ၀ တိုးတက်မှာပါ
သူအဆိုတော် ဖြစ်လာမှပဲ
အမေ့ဆီကို ပြန်လာတော့မယ်
အမေရယ်...
သိပ်မကြာခင်မှာတော့
အမေ့သား အောင်မြင်တာကို
အမေ မြင်စေရမှာပေါ့။
(မတ်လ 21ရက်နေ့ တွေ ကျရောက်သော ကမ္ဘာ.ကဗျာများနေ့  အမှတ်တရ)
ထွက်သွား ရတော့မယ်
သူ့ဝါသနာကို အကောင်အထည် ဖော်ဖို့
ရန်ကုန်မြို့တော်ကို
သူအခြေ ချလိုက်တယ်
ဘ၀ဆိုတာ...
ရုပ်ရှင်တွေထဲကလို
မလွယ်မှန်းသူ သိတော့
သူအိမ်ပြန်ချင် လာမိတယ်
အထူးသဖြင့်
သူ့အမေကို ပြန်တွေ့ချင်မိတယ်
အားပေးတဲ့ လက်တစ်စုံကို
သူ ဆုပ်ကိုင်ချင်တယ်
ဒါဆိုရင် လူတွေက
သူနောက်ဆုတ်တယ်ထင်ပြီး
ဝိုင်းဟားကြလိမ့်မယ်
မဖြစ်ဘူး
သူအိမ်ပြန်လို့ မဖြစ်ဘူး
ဒီပုံစံနဲ့လည်း
သူ အိမ်မပြန်ချင်ဘူး
သူ ဒီစားသောက်ဆိုင်မှာပဲ
သီချင်းဆိုရဦးမှာလား
ကံကြမ္မာက သူ့အပေါ်
မျက်နှာသာပေးလာမှ
သူ့ဘ၀ တိုးတက်မှာပါ
သူအဆိုတော် ဖြစ်လာမှပဲ
အမေ့ဆီကို ပြန်လာတော့မယ်
အမေရယ်...
သိပ်မကြာခင်မှာတော့
အမေ့သား အောင်မြင်တာကို
အမေ မြင်စေရမှာပေါ့။
(မတ်လ 21ရက်နေ့ တွေ ကျရောက်သော ကမ္ဘာ.ကဗျာများနေ့  အမှတ်တရ)
ထော်ဦး၊ဘားအံကွန်ပျူတာ၊
(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁ခုနစ်ထုတ် လက်သစ်ကဗျာကဏ္ဍ)
(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁ခုနစ်ထုတ် လက်သစ်ကဗျာကဏ္ဍ)
အမှာစကား
2011 ဇူလိုင်လမှာ ကဗျာတွေ မတောက်တခေါက်ရေးကြည့်ရင်းနဲ့  ကဗျာနှစ်ပုဒ် teen နဲ့  look magazine တွေမှာ ပထမဦးဆုံး ပုံနှိပ်ကဗျာအဖြစ်စတင်ပုံနှိပ်ခံရပါတယ်။ဒါဟာအနုပညာလောကထဲကို တကျော့ပြန်ဝင်ရောက်တိုးဝင်တဲ့သဘောပါပဲ။မတောက်တခေါက်နဲ့  ရေးသားထားတဲ့
2011 ဇူလိုင်လမှာ ကဗျာတွေ မတောက်တခေါက်ရေးကြည့်ရင်းနဲ့  ကဗျာနှစ်ပုဒ် teen နဲ့  look magazine တွေမှာ ပထမဦးဆုံး ပုံနှိပ်ကဗျာအဖြစ်စတင်ပုံနှိပ်ခံရပါတယ်။ဒါဟာအနုပညာလောကထဲကို တကျော့ပြန်ဝင်ရောက်တိုးဝင်တဲ့သဘောပါပဲ။မတောက်တခေါက်နဲ့  ရေးသားထားတဲ့
စာလေးတွေကို နေရာပေးဖော်ပြပေးတဲ့အတွက် ကျေးဇူးပါ ။အခုဖော်ပြတဲ့ ကဗျာဟာဖော်ပြခံရတဲ့
ကဗျာနှစ်ပုဒ်ထဲကတစ်ပုဒ်ပါ။ ဒီကဗျာဟာ ကဗျာမဆန်ဘူးလို့  ဝေဖန်ခံရဖူးပါတယ်။ကိုယ့်အနေနဲ့  ကျတော့
ဒီကဗျာကိုရေးနေစဉ်မှာ ဘာခံစားချက်မှမရှိပေမယ့့် တစ်နေ့  . . . စာအုပ်ဆိုင်သွားရင်းနဲ့  magazine
ကိုလှန်လှော်ဖတ်ကြည့်တဲ့အခါ ကိုယ့်ကဗျာပါလာမှန်းသိတော့ပျော်ရွှင်မိပါတယ်။တစ်ဆက်တည်း ဒီကဗျာကို ဖတ်ကြည့်မိလိုက်တော့ ဘာကြောင့်မှန်းမသိ။ဇာတ်ကောင်ကို တော်တော်သနားသွားပါတယ်။
ကိုယ့်ကိုယ်ကိုယ်လည်း ငါသာဆို သူ့ လို မျှော်လင့်ချက်ထားနိုင်မှာ မဟုတ်ဘူးလို့ တွေးကြည့်ရင်း . . . ၊၊
မဂ္ဂဇင်း ဝယ်မဖတ်နိုင်တဲ့နေရာမှာ
ReplyDeleteညီအကိုတွေရေးထားတဲ့ကဗျာပါတယ်
ဆိုတော့ ဖတ်ချင်မိသွားတယ်။ခုတော့
ဆန္နပြည့်သွားပြီ ကျေးဇူး။
ဟုတ်တော့ဟုတ်တယ်နော်ဆရာ။ ကဗျာတော့ သိပ်မဆန်ဘူး။ ကဗျာသိပ်မဆန်ဘူးဆိုတာထက် စကားပြေကဗျာအမျိုးအစားလို့ ပြောရင် ပိုမှန်မယ်ထင်တယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကဗျာမရေးတတ်တဲ့သူဆိုတော့ ကိုယ်မရေးနိုင်တာမို့ လေးစားချီးကျူးကြောင်းပါ။
ReplyDeleteကဗျာကောင်းလေးတွေဖတ်ခွင့်ရလို့ ကျေးဇူးပါ မောင်ထော်ဦးရေ။
ReplyDeleteပို့စ်ဟောင်းတွေလည်းဖတ်သွားတယ်။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။
မေတ္တာဖြင့်
အန်တီတင့်