မှောင်မိုက်မိုက် ညတဲ့လား
ခါးသီးလိုက်တဲ့ နေရာ
နာကျင်ကျင် ရှသသအရသာကိုတို့ ထိ
တိမ်းမူးတဲ့ အလင်းရောင်တလက်လက်တွေပွင့်ဖူး
ကဝေပျိုတွေ ကခုန်ပျော်ပါး
သွေးစုပ် ငရဲသားတွေ
ယစ်ရွှေရည် တွယ်မော့
လူတွေပဲ ရှိနေ ဆိုပဲ….
ဟုတ်နိုင်ပါ့လေ
လူ…လူ…လူတွေက
ဥပဒေတွေ ချိုးဖောက်ကြ
ဆင်စက္ကူအထပ်ထပ်နဲ့  အမှားကိုဖုံးအုပ်
ကဲ…ဘယ်တတ်နိုင်ဦးမလဲ
ကဝေပျိုတွေ အရေခွံခွာချ
သွေးစုပ်ငရဲသားတွေ ၀ါးမျိုကြ
ခေတ်ရဲ့ ပုံရိပ်တွေ သွေးစွန်းထွက်
ခေတ်ပျက်အချင်းချင်း လွန်ဆွဲဆင်နွဲ
အော့အန်တာတွေ ဖျက်ကြပျက်ကြ
အတွေးတွေထာဝရ စွန်းထွက်ရုံပဲပေါ့။
ခေတ်သစ် အဖူးအပွင့်တွေ
ညဥ့်တနက်နက် မြေပြင်ပေါ်ပြေးဆင်း
ကမ်းနားနဘေး တွဲကြချိတ်ကြရင်းနဲ့ 
အသွေးအသားတွေ ထိုးကျွေးတတ်ကြ
အဆင်မပြေ ကွဲကြပြဲကြ
နောက်တစ်ယောက် နောက်တစ်ယောက်
ဒီတိုင်း ဒီတိုင်းနဲ့ 
ရမ္မက်သံတွေ တညံညံ
နွမ်းကြေတဲ့ ဘ၀တခဏကို
မိတ်ကပ်ပါးပါးလေးတွေ လိမ်းခြယ်
မထူးဇာတ်ခင်းရင်း သံဝေဂတွေမေ့လျှော့
ြ
ဖည်းဖြည့် ရွှေ့ ရင်းရွှေ့ ရင်ြး
တိုက်စစ်ကို မနိုင်မနင်းဆင်
အားအင်တွေ ရုတ်ချည်းပျောက်ပျက်ရုံပဲပေါ့။
အောင်အတိတ် အောင်နိမိတ်ကိုဆောင်
မက်မက်စက်စက် လိုချင်တာတွေအကုန်ရတဲ့
နတ်ဘုံခန်းဝါ ခုတင်ခြေနန်း
ဘယ်သူ မစံမြန်းချင်ဘဲနေနိုင်ပါ့မလဲ…
ခေတ်က ငါတို့ လိုပညာမဲ့သူတွေကိုတောင်
ပုံပြောင်းရိုက် လမ်းသစ်ထွင်ပေး
သူပေးတဲ့လမ်းကြောင်းအတိုင်း ငါတို့ ဆက်လျှောက်
ဒီလို ဒီလို…
ဆက်လျှောက်ရင်း ဆက်လျှောက်ရင်းနဲ့ 
ဒီလို ဒီလိုတွေဖြစ်
ဒီတော့… ခေတ်ကိုပဲ
ငါတို့ တွေ အပြစ်ပုံချ
ခေတ်က လူတန်းစားတွေကိုခွဲခြားဆက်ဆံ
ခေတ်က မြွေဟောက်လို အဆိပ်ပြင်း
ခေတ်က ပျက်လမ်းကိုတီထွင်
ခေတ်က………………………………………………
ခေတ်က………………………………………………
ခေတ်က………………………………………………
အဲဒီခေတ်ထဲ ငါတို့ တွေမျှောပါ
ဒီရေအလား မြင့်တက်
မြိန်ရည် ရှက်ရည်နဲ့ 
ခေတ်က အသားလိုလို့ အရိုးတောင်း
ပြီးတော့
လူတစ်ကိုယ်လုံး တိုက်စားဝါးမျို
ခေတ်က ရယ်ပွဲဖွဲ့ ရင်း
ခေတ်ပျက်ဝိုင်းထဲ သောက်ကြစားကြ
ငရဲတိုက်ခန်းတွေကို ခေတ်ပျက်ကြီးကတည်ဆောက်
ဒဏ်ရာပါရပွ သွေးချောင်းတွေစီးထွက်
နေမထူး သေမထူးတဲ့ လူသားတွေ
ခေတ်ပျက်ကြီးကနေ ရုန်းကြကန်ကြ
ဒီတော့ …
ခေတ်ပျက်ကြီးက မဟာတံတိုင်ကြီးပမာ
ပိတ်ဆို့ တားဆီးလို့ 
ခေတ်ပျက်ခြုံလွှာအောက်
ဝပ်ဆင်းခယတဲ့အထိ
ခေတ်ပျက်ကြီးက စွမ်းဆောင်
ဘယ်တတ်နိုင်ဦးမလဲလေ။
ဥပဒေရဲ့အထက်မှာ လူတွေရှိနေတဲ့ခေတ်
ဆင်စက္ကူအထပ်ထပ်နဲ့  အမှားကိုဖုံးအုပ်တဲ့ခေတ်
လူကိုနွံထဲ မရုန်းစေချင်တဲ့ခေတ်
ဆေးဆိုးပန်းရိုက် မထူးဇာတ်ခင်းနေတဲ့ခေတ်
မရင့်ကျက်သေးဘဲ နွမ်းကြေလိုက်ရတဲ့ခေတ်
လူကို ရုပ်သေးရုပ်လို ကခုန်စေတဲ့ခေတ်
ကုန်ဈေးနှုန်း ကျောင်းစရိတ်စကတွေ
မြင့်တက်နေတဲ့ ခေတ်
ခရီးစရိတ် တယ်လီဖုန်းဆင်းလ်ကဒ်စရိတ်တွေ
မြင့်မားနေတဲ့ ခေတ်
စာပို့ ခ မီတာခ အခွန်အခ
တဟုန်ထိုး မြင့်တက်နေတဲ့ ခေတ်
နောက်ထပ်
……………………ခေတ်
…………………….ခေတ်
……………………ခေတ်
သင်တို့ စိတ်ကြိုက်ဖြည့်စွက်ထားလိုက်ပါ
သင်တို့ စိတ်ကြိုက် ခေတ်ပျက်တွေကို
စာရင်းပြုစုပြီးရင်
နောင်ရောက်လာလတ္တံ့ ခေတ်တွေကို
မျက်ခြေအပျက် မခံအောင်စောင့်ကြည့်
သေချာတာကတော့
ခေတ်ပျက်ထဲ တနည်းတဖုံနဲ့ အကြုံးဝင်
လိမ့်ဝင်ဆဲ ဘ၀တွေကို
သင်တို့ မျက်ဝါးထင်ထင်
တွေ့ ရှိလိမ့်မယ်…
ဧကန်မလွဲ ပါပဲလေ…။ ။
ထော်ဦး(ဘားအံကွန်ပျူတာ)
မျက်ဝါးထင်ထင်မြင်တွေ့ရ နားနဲ့ဆတ်ဆတ်ကြားနေရတဲ့
ReplyDeleteဒုက္ခပေါင်းစုံနဲ့ လူသားအားလုံး ကြုံဆုံရသမျှသောကများမှ ကင်းဝေးကြပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဗျာရှည်ကြီးခံစားဖတ်ပြီး
ReplyDeleteခေတ်ပျက်တွေကိုတော့စာရင်းမပြုချင်တော့ပါဘူးကွယ်
ခေတ်ပျက်ကို ဖွဲ့ထားတဲ့ ကဗျာရှည် ကို ဖတ်ရင်း သက်ပြင်းချ သွားတယ်...
ReplyDeleteလူကိုနွံထဲ မရုန်းစေချင်တဲ့ခေတ်
ReplyDeleteဆေးဆိုးပန်းရိုက် မထူးဇာတ်ခင်းနေတဲ့ခေတ်
မရင့်ကျက်သေးဘဲ နွမ်းကြေလိုက်ရတဲ့ခေတ်
လူကို ရုပ်သေးရုပ်လို ကခုန်စေတဲ့ခေတ်
ဖတ်ရင်း ဖတ်ရင်းနဲ့
ReplyDeleteဟောဟဲဆိုက်လာတယ်
အရမ်းမိုက်တယ် အစ်ကိုရာ
ဒီလောက်အရှည်ကြီး အစ်ကိုမို့ ရေးတတ်တယ်
အဓိပ္ပါယ်လေး ဖော်ပြထားတာလည်း ကောင်းတယ်
ဟိုစာသားလေး အကြိုက်ဆုံးပဲ
ဖြစ်နိုင်မယ်ဆိုရင်လေ
တစ်ကမ္ဘာလုံးလုပ်စာကို
တစ်ယောက်တည်း ထိုင်စားပစ်ချင်တယ်
တကယ် ... ကြိုက်တယ်
နွေလ
ဆက်လက် ထုဆစ်နိုင်ပါစေ
ReplyDeleteမောပန်းစွာ ဖတ်ရှုခံစားသွားသည်။
ReplyDeleteခင်တဲ့
မြတ်