ဆေးဖက်ဝင်သတဲ့
ရောဂါပရတွေ
ပျောက်ကင်းနိုင်တယ် ဆိုပဲ
ဒီတော့...
သူ့ ကို ရောင်းကြ၀ယ်ကြ
လုပ်ကြရတော့တာပေါ့
အရွယ်တော်တစ်ကောင်ကို
အနည်းဆုံးသုံးသိန်းဆိုတော့
အင်း...
ဝမ်းသာအားရ ဖမ်းမယ့်လူတွေ
တစ်ဆင့်ဝယ်ပြီး ပြန်ရောင်းမယ့်လူတွေ
မျိုးပွားပြီး မွေးမြူထားကြတဲ့ လူတွေ
ဘယ်နည်းလိမ့်မလဲလေ
ဒီလိုနဲ့ 
ဇာတ်လမ်းလေးက စတော့တာပဲ
ဆယ်နှစ်သား ကလေးလေးတစ်ယောက်
မိသားစု ၀မ်းရေးကို
တတ်နိုင်တဲ့ ဘက်က
ကူညီဖြေရှင်းပေးနိုင်ဖို့ 
အဲဒီကောင်ကို ဖမ်းတော့တာပေါ့
သစ်ပင်တွေပေါ် ဒီကောင်တွေကို
ဖမ်းမိအောင်
တက်ရင်းရှာရင်းနဲ့ 
မထင်မှတ်တဲ့  အဖြစ်အပျက်က
ဖြစ်ပွားလာလေတော့
အို...
သစ်ပင်ရဲ့ အောက်မှာ
သွေးတွေနဲ့  စွန်းပေလို့ ပါလားနော်။ ။
ထော်ဦး(ဘားအံကွန်ပျူတာ)
(အခုတလော မြန်မာနိုင်ငံရဲ့  တောက်တဲ့တွေက တွင်းအောင်းနေကြလေရဲ့ ။မမအိမ်သူရေ...အစ်မနဲ့ ပေါင်းပြီး တောက်တဲ့  အိတ်စပို့ လုပ်ကြမယ်လေ။ဒါဆိုအဆင်ပြေမယ်ထင်ပါတယ်။ဟိုတောက်တဲ့က တန်းဖိုးဖြတ်လို့ ရပေမယ့် ဒီတောက်တဲ့(ကဗျာ)က တန်ဖိးုဖြတ်လို့ မရဘူးလေ။ဒါကြောင့် တန်ဖိုးဖြတ်လို့  မရတဲ့ တောက်တဲ့ကို အားလုံးဝေမျှစားကြပါကုန်...)
ဆရာရေ.....၀တ္ထုရေးလို့ကောင်းမယ့် ဇာတ်လမ်းလေးနော်ဆရာ။ ရေးပါလား။
ReplyDeleteဟုတ်တယ်ဗျို့
ReplyDeleteကဗျာလေးကပီပြင်တယ်။ အိမ်ကတောက်တဲ့တွေကတော့ ဘေးမဲ့ပေးထားပါတယ်။ တစ်သားပြီးတစ်သားပေါက်နေကြတာ။ အသေးတွေကော အကြီးတွေကော။ ဒီမှာတော့ သူတို့ဓလေ့မို့ စားကြတာပါပဲ။ ဆေးဖက်ဝင်လို့ရယ်ဘာရယ်မဟုတ်ကြပါဘူး။ အခုနောက်ပိုင်းတော့ ခမာတွေလဲ ဖမ်းပြီးအိတ်စပို့များလုပ်ကြသလားမသိ.. တောက်တဲ့တွေ ရှားလာသလိုပဲ။ အရင်လို စားကြတာမတွေ့တော့ဘူး။
ReplyDelete