ရင်မှာမမေ့ ဒီမွေးနေ့ 
မွေးနေ့ကို အကြိမ်ကြိမ်ဖြတ်သန်းဖူးပေမယ့် မွေးနေ့ပွဲ တစ်ကြိမ်တစ်ခါမှ မပြုလုပ်ဖူးပါဘူး။မွေးနေ.ကို အမှုမဲ့အမှတ်မဲ့နဲ့ ဖြတ်သန်းလာခဲ့တာများပါတယ်။ဒါပေမဲ့ 2011 ဧပြီလရောက်မှပဲ ရင်ထဲမှာ စွဲထင်ကျန်ရစ်စေတဲ့ ဖြစ်ရပ်နှစ်ခုက ကိုယ့်ဆီဝင်ရောက်လာပါတယ်။
ကိုယ့်မွေးနေ့မတိုင်ခင် နှစ်ရက်လုံးလုံး
- လမ်းမကြီးပေါ် အသုဘယာဉ်တန်းကို မြင်လိုက်ရတော့ "ငါ့မွေးနေ့မှာ အသုဘချဦးမှာပဲ" လို့ တွေးထင်မိတယ်။တွေးထင်မိတဲ့အတိုင်း ကိုယ့်မွေးနေ့ရောက်လာတော့ အသုဘယာဉ်တန်းကြီးက ဟိုနေ့ကထက် ပိုစည်လာသလိုပါပဲ။မွေးနေ့ရှင်က မွေးနေ့ပါတီပွဲကို ပျော်ပျော်ရွှင်ရွှင် ကျင်းပနေကြတဲ့အချိန်မှာ မိဘဆွေမျိုးတွေ ဆုံးသွားလို့  ကြေကွဲဝမ်းနည်းကြမယ့်လူသားတွေ ဘယ်လောက်များရှိနေပြီလဲ။အင်းလေ...ကိုယ်အရမ်းပျော်ရွှင်နေတဲ့အချိန်မှာငိုနေမယ့် လူသားတွေလည်း အတော်များများ ရှိမှာပဲလေ။
- မွေးနေ့ညရောက်တော့ရင်ကိုစွဲထင်စေတဲ့ကိစတစ်ရပ်က ကိုယ့်ဆီတိုက်တိုက်ဆိုင်ဆိုင်ဝင်လာပြန်ပါတယ်။ရုပ်မြင်သံကြား၊အနုပညာသတင်းကဏ္ဍမှာကိုယ် သိပ်ကြိုက်လှတဲ့ ထိုင်း သရုပ်ဆောင်မင်းသမီး Kob Suwanan တစ်ယောက် သမီးမိန်းကလေးမွေးဖွားတဲ့ သတင်းပါ။မိခင်ရဲ့ သားအိမ်အခြေအနေကြောင့် မွေးဖွားမယ့်ရက်ထက် နှစ်ပတ်စောပြီးခွဲစိတ်ကာမွေးလိုက်ရတာပါ။ဘုရား...ဘုရား။တစ်ခေတ်တစ်ခါက မြန်မာရုပ်ရှင်မင်းသမီး မေရီမြင့်လည်း သဓေသားအနေအထား မှားယွင်းလို့
မွေးဖွားပေးခဲ့တဲ့ မွေးမိခင်ကိုကျေးဇူးအထပ်ထပ်တင်ရင် ဒီစာစုဖြင့် မွေးမိခင်များအားလုံးကို ရိုသေစွာ ဂါရ၀ပြုလျက်...။ ။
(စာဖတ်သူများရဲ့ ကျရောက်မယ့် မွေးနေ့တိုင်း ဒီစာစုလေးကိုလက်ဆောင်ပါးရင်း ပျော်ရွှင်တဲ့ မွေးနေ့ကိုဖြတ်သန်း နိုင်ကြပါစေ) ထော်ဦး(ဘားအံကွန်ပျူတာ)
The chic magazine 2011 နိုဝင်ဘာ
No comments:
Post a Comment