ရွှင်လန်း ချမ်းမြေ့ ကြပါစေခင်ဗျာ...

အားဖြစ်စေဖို့  ကွန်မန့် ချန်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...

Sunday, May 12, 2013

လရောင်မျှားသော နွေညများ

လရောင် ဖြာကျလာတော့
မှောင်ရိပ်ခိုဖို့  ခွင်ဖမ်းဖို့ လည်း
မခဲယဉ်းတော့ပြီ…။

ဟောဒီ ကမ်းနားနဘေးမှာ
ပခုံးဖက် အချစ်သည်းနေကြတဲ့အတွဲတွေ
လရောင်ကို ၁-၅-၀-၀ နဲ့ မျှားနေကြ
အဆင်မပြေရင် ဖျက်ကြ ကွာပြဲကြရုံပေါ့…။

Monday, April 22, 2013

မွေးနေ့  အမှတ်တရ

ဧပြီလ ၂၂ရက်နေ့  ကိုယ့်မွေးနေ့ ....။
ကိုယ့်မွေးနေ့ အကြောင်း ပြောရမယ်ဆိုရင်တော့ မွေးနေ့ ပွဲ မကျင်းပဖူးတဲ့ ကိုယ့်အတွက် မွေးနေ့ လက်ဆောင်ဆိုတာလည်း မရရှိခဲ့ပါဘူး။ဒါ့ကြောင့်ပဲလား မသိ။လက်ဆောင်ဆို လိုချင်လွန်းတဲ့ စိတ်က အခုချိန်ထိ စွဲထင်ရစ်နေပါတယ်။ကျောင်းမှာ ပါဆယ်ထုပ်တွေ အလဲအလှယ် လုပ်ရင်လည်း ကိုယ် ဘာများ ရမလဲ ဆိုပြီး စိတ်လှုပ်ရှားခဲ့ဖူးသူပါ။သူငယ်ချင်းတွေနဲ့  မွေးနေ့ ပွဲ လုပ်ရအောင်လည်း
ကိုယ့်မွေးနေ့ ကျရောက်တဲ့အချိန်က ကျောင်းကြီးပိတ်ရက်မို့  မကျင်းပ ဖြစ်ပြန်ပါဘူး။

Thursday, March 21, 2013

စိုထိုင်းထိုင်း ကဗျာ

ဟိုတစ်နေ့ က ကဗျာမရေးဖြစ်ပြန်ဘူး

ခံစားချက်တွေ အိတ်သွန်ဖာမောက် ဖြစ်သွားသလို
စိတ်ပျက်မှုတွေ အဆုံးစွန်ထိ လွှမ်းမိုးလာခဲ့…။

ကဗျာဟာ ငန်လား ခါးလား
ပူလား အေးလား
ကိုယ့်ဘ၀ကို မျက်ကွယ်ပြုပြီး

Monday, March 11, 2013

ဇရာအကြောင်း သိကောင်းစရာ


“ဇရာ” လို့  ဆိုလိုက်တာနဲ့  အသက်အရွယ်ကြီးရင့်လာပြီးဆိုတဲ့ အချက်တစ်ခုတည်း ပါဝင်တာ မဟုတ်ပါဘူး။ ဇရာဝင်လာတာနဲ့ အမျှ ကိုယ့်ရဲ့ အပြုအမူ၊အမူအကျင့်တွေလည်း ပြောင်းလဲတတ်ပြန်ပါတယ်။အခါးလုံးဝ မကြိုက်ခဲ့တဲ့ လူတစ်ယောက်ဟာ အခါးတွေ စားလာတာမျိုး၊ငယ်ရွယ်နုပျိုတဲ့ လူငယ်တွေကို အားကျစိတ် ၀င်လာတာမျိုး၊ငယ်ဘ၀ ပုံရိပ်တွေကို မကြာခဏ လွမ်းဆွတ်တမ်းတတတ်တာမျိုး… စတဲ့ အပြုအမူ၊ အမူအကျင့်မျိုးတွေဟာ ဇရာရဲ့ သင်္ကေတလက္ခဏာတွေပါပဲ။ဒီအပြုအမူတွေဟာ အတွေ့ အကြုံ ရှည်ကြာလာတဲ့ သဘောနဲ့ လည်း သက်ရောက်အကျုံးဝင်နေပြန်ပါတယ်။

စိတ်ကျန်းမာရေး ပညာရှင်တွေကတော့ အခါးတွေ စားလာတယ် ဆိုတာ အသက်ကြီးလာတာနဲ့ အမျှ ကိုယ့်ကိုယ်ကို ကျန်းမာရေးဂရုစိုက်ချင်တဲ့ စိတ်တွေ ၀င်လာကြတဲ့သဘောလို့ ဆိုထားကြပါတယ်။

Wednesday, February 13, 2013

ဒါတွေကို ပြင်နိုင်ပါ့မလား (ချစ်သူများအတွက် အမှတ်တရ)


၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ အတွင်း ထိုင်းနိုင်ငံရှိ မီဒီယာ တော်တော် များများမှာ သန္ဓေသားလောင်း အလောင်းငါးရာ ကျော်တွေ့ရှိတဲ့ သတင်းဟာ သတင်းခေါင်းကြီး ဖြစ်စေခဲ့ပါတယ်။

Saturday, February 2, 2013

အိမ်ငယ်လေးသို့  လွမ်းချင်း


ကိုယ့်ရဲ့ အိမ်ငယ်လေး
ဟောဒီ အိမ်ငယ်လေးထဲ
ရယ်မောမှုတွေ မလျှံကျပေမယ့်
လွမ်းမောဖွယ် အတိတ်က
ကိုယ့်ရင်လွှာကို ငြိတွယ်
မိသားစုထဲမှာ ကိုယ်ဟာ
အဝေးလွှင့်မျှောသွားတဲ့
ငှက်တေလေ တစ်ကောင်ပါပဲ…

Wednesday, January 23, 2013

ရည်ဝေရဲ့ ဒွိဟကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း




ဒီဝတ္ထုတိုလေးကို ရွေးချယ်ဖြစ်တဲ့ အကြောင်းရင်းကတာ့ ရင်ထဲ စွဲငြိမိတဲ့ ၀တ္ထုတိုလေးတစ်ပုဒ် ဖြစ်နေလို့ ပါပဲ။ဒါ့အပြင် ဇာတ်သိမ်းပိုင်းမှာ စာဖတ်သူတွေရဲ့ အခွင့်အရေးကို အပြည့်အ၀ အသုံးချခွင့် ပေးထားသလို ကိုယ်တို့ လို စာရေးနေကြသူတွေအတွက် အတုယူစရာကောင်းလှတဲ့ ဇာတ်သိမ်းလေးတစ်ခုမို့ 
လို့ ပါပဲ။

………………………………………………………………………………………………………….

စာဖတ်သူတစ်ဦးအနေနဲ့  ၀တ္ထုတိုတစ်ပုဒ် နှစ်သက်ခြင်း၊မနှစ်သက်ခြင်းဟာ စိတ်ခံစားချက်နဲ့ သက် ဆိုင်မယ်လို့ ယူဆမိပါတယ်။အခုလည်း ရည်ဝေရဲ့
ဝတ္ထုတိုလေးဟာ ကိုယ့်ရဲ့ စိတ်ခံစားချက်ထဲမှာ ညှို့ ငင်ဖမ်းစားသွားပြီလို့  ပြောရင်မမှားပါဘူး။ဒီဝတ္ထုတိုလေးကို ဖတ်ကြည့်လိုက်ရင် အကြောင်းအရာလေးတွေဟာ လေးလေးပင်ပင်ကြီး မဟုတ်ပေမယ့် ၀တ္ထုတိုထဲမှာ အဓိက လိုအပ်နေတဲ့
ပဋ္ဋိပက္ခလေးတွေ ခင်းကျင်းပြသထားတဲ့အတွက်လည်း နှစ်သက်စရာ ကောင်းလှတဲ့
ဝတ္ထုတိုတစ်ပုဒ်အဖြစ် ခံစားလာမိစေပါတယ်။