အသက်နှစ်ဆယ့်ခြောက်နှစ် ရှိပြီဖြစ်သော မိန်းကလေးတစ်ဦးကို"အပျိုကြီး" ဟု ခေါ်ဆိုနိုင်မည်လား။ယခုတော့ ၀တ်ရည်ကို"အပျိုကြီး...အပျိုကြီး" ဟူ၍ ခေါ်ဆိုသမုတ်နေကြပြီလေ။အမှန်ဆိုအသက်သုံးဆယ်ကျော်မှ "အပျိုကြီး" ဟူသော ဝေါဟာရကို ခေါ်ဆိုရမည်မဟုတ်လား။
"အပျိုကြီး" ဟူသော ဝေါဟာရကို ကြားစတုန်းက ကိုယ့်ကိုယ်ကိုအရွယ်ဟိုင်းနေပြီလားဟူ၍ တွေးပူမိသေးသည်။